Connect with us

Asia

ဆမ်ဆောင်းက Note 7ဖုန်း၏ လုပ်ငန်းစဉ်များအား ဆော့ဖ်ဝဲလ်အဆင့်မြှင့်တင်မှုဖြင့် ရပ်ဆိုင်းမည်

Samsung Galaxy Note 7 ဖုန်းအားတွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဒီဇင်ဘာ ၁၂ရက် (ဆင်ဟွာ)

ဆမ်ဆောင်းကုမ္ပဏီက သိမ်းဆည်းရန်ကျန်ရှိနေသည့် Galaxy Note 7 ဖုန်းကိုင်ဆောင်ထားသူများ အနေဖြင့် ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် ကျန်ရှိသာ Galaxy Note 7ဖုန်းများအား လုပ်ဆောင်မှုစနစ်များ ရပ်ဆိုင်းသွားစေသည့် ဆော့ဖဲဝဲလ်အဆင့်မြှင့်တင်မှု (Software upgrade) ထောက်ပံ့သွားရန် လွန်ခဲ့သည့် ရက်သတ္တပတ်အကုန်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဆင့်မြှင့်တင်မှုစနစ်အား ဒီဇင်ဘာ ၁၉ရက်တွင် စတင်သွားမည်ဖြစ်ပြီး ယင်းသို့ အဆင့်မြှင့်တင်လိုက်ပါက Note 7ဖုန်း၏ ဘက်ထရီအားသွင်းခြင်းစနစ် ရပ်ဆိုင်းသွားမည်ဖြစ်ကာ Note 7ဖုန်းအား အသက်မဲ့သွားစေမည်ဖြစ်ကြောင်း သိရသည်။

ဆမ်ဆောင်း၏ပြောကြားချက်အရ အမေရိကန်နိုင်ငံရှိ Note7 ဖုန်း ပိုင်ရှင် ၉၃ရာခိုင်နှုန်းသည် မီးလောင်မှုနှင့် မတော်တဆပေါက်ကွဲမှုဖြစ်ရပ်များကြောင့် Note 7ဖုန်းများအား ကုမ္ပဏီသို့ ပြန်လည်အပ်နှံပြီးဖြစ်ကြောင်း သိရသည်။

Note 7ဖုန်းအား ကမ္ဘာ့အနှံံ့ရှိ လေကြောင်းလိုင်းများတွင် တားမြစ်ထားသည့်အတွက် ဆမ်ဆောင်းက လေဆိပ်များတွင် Note 7 ကိုင်ဆောင်လာသူများ အနေဖြင့် ဖုန်းအားပြန်လည်အပ်နှံနိုင်ရန်စင်များထားရှိထားပြီး ၎င်းတို့၏ လေယာဉ်မပျံသန်းခင် ပြန်အမ်းငွေများ ရယူနိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။

သို့သော် ထိုသို့ ဆော့ဖဲဝဲလ် အဆင့်မြှင့်တင်မှုအား အတင်းအကျပ်ဆောင်ရွက်ရန်မလိုဘဲ ဖုန်းအသုံးပြုသူများ၏ ဆန္ဒအတိုင်း ရွေးချယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.