Europe
ရုရှားနိုင်ငံ အရှေ့ပိုင်း တွင် အရက်ပါဝင်သော တားမြစ်အရည် ၁၁၈လီတာ သိမ်းဆည်းရမိ
ရုရှား၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ အရှေ့ပိုင်းဒေသရှိ ဗလာဒီဗိုစတော့ခ်မြို့တွင် နှစ်သစ်ကူးအားလပ်ရက်များ၌ ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတစ်ခုအတွင်း အရက်ပါဝင်သော တားမြစ်အရည် ၁၁၈လီတာ ဖမ်းဆီးရရှိခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်တစ်ခု က ဇန်နဝါရီ ၉ ရက်တွင်ဖော်ပြခဲ့သည်။
စစ်ဆင်ရေးအတွင်း နာမည်မကြီးသည့် ရေချိုးစဉ်အသုံးပြုသော လိုးရှင်း Boyarishnik တံဆိပ် အပါအဝင် တားမြစ် အရည်ပုလင်းပေါင်း ၁,၇၄၉ပုလင်း ဖမ်းဆီးရမိခဲ့ကြောင်း ရုရှားနိုင်ငံ လူမှုဖူလှုံရေး နှင့် စားသုံးကာကွယ်ရေး စောင့်ကြည့်မှု အဖွဲ့အစည်းက ၎င်းတို့၏ အင်တာနက်စာမျက်နှာတွင်ဖော်ပြခဲ့သည်။
တစ်ချိန်တည်းမှာပင် အရက် ၂၅ရာခိုင်နှုန်းမှ ၆၀ရာခိုင်နှုန်းအထိပါဝင်သော အမျိုးအမည်မသိ ရေချိုးခန်းသုံး နှင့် အခြားအလှကုန်ပစ္စည်း များစွာကိုသိမ်းဆည်းရမိခဲ့ပြီး အဆိုပါ ပစ္စည်းများရောင်းချခြင်းကိုလည်း တားမြစ်ခဲ့ကြောင်းသိရသည်။
ရုရှားနိုင်ငံမြို့တော် မော်စကိုမြို့အရှေ့ဘက် ၄,၀၀၀ကီလိုမီတာအကွာ ရှိ Irkutskမြို့ တွင် မီသိန်းပါဝင်သည့် Boyarishnik လိုရှင်းများ သောက်သုံးခြင်းကြောင့် လူ ၇၆ဦးသေဆုံးပြီးနောက် ရုရှားနိုင်ငံတစ်လျောက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)