Connect with us

Europe

သြစတြီးယား ရဲတပ်ဖွဲ့ မှ အာဖဂန်နစ္စတန် နိုင်ငံ မှ ရောက်ရှိလာသော လူငယ်များ သည် နှစ်သစ်ကူးည တွင် မုဒိမ်းမှု များကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်

သြစတြီးယား နိုင်ငံ အနောက်ပိုင်း ရှိ Innsbruck မြို့ငယ် လေးအား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဗီယင်နာ ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

သြစတြီးယား နိုင်ငံ ရဲတပ်ဖွဲ့ က ဇန်နဝါရီ ၉ ရက်နေ့တွင် သြစတြီးယား နိုင်ငံ အနောက်ပိုင်း ရှိ Innsbruck မြို့တွင် ကျင်းပ သည့် နှစ်သစ်ကူး ပွဲတော်တွင် မုဒိမ်းပြုကျင့်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိခဲ့ရပြီး စုံစမ်းစစ်ဆေး ခဲ့ရာတွင် အာဖဂန်နစ္စတန် မှ ရောက်ရှိလာသော လူငယ် ၆ ဦး သည် ပြစ်မှု ကျူးလွန်ခဲ့ကြောင်း သံသယ ရှိသည်ဟုပြောကြား ခဲ့သည်။

သြစတြီးယား မီဒီယာ များ၏ ဖော်ပြချက်အရ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် Innsbruck မြို့၌ကျင်းပ သည့် နှစ်သစ်ကူးပွဲတော် တွင် လူပေါင်း ၂၅,၀၀၀ တက်ရောက်ခဲ့ကြပြီး အမျိုးသမီး ၁၈ ဦးမှာ မုဒိမ်းပြုကျင့်ခံရ၍ ရဲဌာန သို့တိုင်ကြားခဲ့ကြောင်း သိရှိခဲ့ရသည်။

ရဲဌာန ပြောရေးဆိုခွင့်ရှိသူ က ဤ သံသယ ရှိသူ လူငယ် ၆ ဦးသည် အသက် ၁၈ နှစ် မှ ၂၂ နှစ်အတွင်းရှိပြီး အချို့မှာ ဒုက္ခသည် စခန်းတွင် နေထိုင်ကြသူများဖြစ်ကြောင်း ပြောကြားခဲ့သည်။ မီဒီယာ များ၏ ဖော်ပြချက်အရ ထို အာဖဂန်နစ္စတန် နိုင်ငံ မှ လူငယ် ၆ ဦးတွင် ၄ ဦးမှာ ဒုက္ခသည် အဖြစ် ခံယူရန် လျှောက်ထားသူများ ဖြစ်ပြီး တစ်ဦးမှာ တရားမဝင် နေထိုင်သူဖြစ်ကာ ကျန်တစ်ဦးမှာ ဒုက္ခသည် လျှောက်ရာတွင် ပယ်ချခဲ့ရပြီး သြစတြီးယား တွင် နေထိုင်ခွင့်ရရှိထားသူ ဖြစ်ကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များအရ ရဲတပ်ဖွဲ့သည် ပြစ်မှုကျူးလွန်ခံရသူများ နှင့် ၎င်းသူငယ်ချင်းများမှ ရိုက်ကူးထားသည့် ဓာတ်ပုံ နှင့် ဗီဒီယို များမှ တစ်ဆင့် သံသယ ရှိသူများကို ရှာဖွေနိုင်ခဲ့ခြင်းဖြစ်ကြောင်း ၊ ထို အာဖဂန်နစ္စတန် မှ ရောက်ရှိလာသူများသည် Tyrol ပြည်နယ် နေရာ အသီးသီး တွင်နေထိုင်ကြပြီး ၎င်းတို့မှာ Innsbruck မြို့တွင် စုဝေးကာ နှစ်သစ်ကူးပွဲ အား ဆင်နွှဲရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် ၎င်းတို့က ရဲတပ်ဖွဲ့၏ ပြောဆိုချက်ကို ငြင်းပယ်ခဲ့ကြပြီး ရဲတပ်ဖွဲ့ မှလည်း နောက်ထပ် သံသယ ရှိသူ ၂ ဦးကို စုံစမ်းရှာဖွေနေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.