Connect with us

Science & Technology

Shenzhou-11 အာကာသယာဉ်မှူး နှစ်ဦး ဆုတံဆိပ် ချီးမြှင့်ခံရ

Shenzhou-11 အာကာသယာဉ်မှူး ကျင့်ဟိုင်ဖုန်းအား ဂုဏ်ပြုနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

Shenzhou-11 အာကာသယာဉ်၏ အာကာသ ပျံသန်းမှု၌ အထူးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး နိုင်ငံ၏ အာကာသ ဆိုင်ရာ ကြိုးပမ်း အားထုတ်မှုများ လုပ်ဆောင်နိုင်ခဲ့သည့် အာကာသ ယာဉ်မှူး နှစ်ဦးအား ဂုဏ်ပြုသည့် အခမ်းအနားအား တရုတ်နိုင်ငံတွင် ဇန်နဝါရီလ ၂၀ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အာကာသသို့ သုံးကြိမ်မြောက် သွားရောက်ဖူးသူလည်းဖြစ်၊ အဖွဲ့ခေါင်းဆောင်လည်း ဖြစ်သူ ကျင့်ဟိုင်ဖုန်း (Jing Haipeng) အား အာကာသတွင် အောင်မြင်စွာ တာဝန်ထမ်းဆောင်ရာတွင် ပထမအဆင့်ဆုဆံဆိပ်ကို ချီးမြှင့်ခဲ့ပြီး အာကာသသို့ ပထမဆုံး သွားရောက်ခဲ့သည့် ချန်းဒုံ (Chen Gong) အား တတိယအဆင့်ဆု တံဆိပ် ချီးမြှင့်ခဲ့သလို အာကာသ သူရဲကောင်းဆုကိုလည်း အပ်နှင်းခဲ့သည်။

Shenzhou-11 အာကာသယာဉ်မှူး နှစ်ဦးအား ဂုဏ်ပြုပွဲ အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၇ ရက်က ပစ်လွှတ်ခဲ့သော Shenzhou-11 အာကာသယာဉ်မှာ နှစ်ရက်အကြာတွင် တရုတ်နိုင်ငံ Tiangong-2 အာကာသဆိုင်ရာ လက်တွေ့ဓာတ်ခွဲခန်းနှင့် ချိတ်ဆက်မိပြီး အာကာသအတွင်း ရက်ပေါင်း ၃၀ နေထိုင်ခဲ့ရာ အာကာသထဲ၌ အချိန်အကြာဆုံး နေထိုင်ခဲ့သည့် တရုတ်နိုင်ငံသား အာကာသယာဉ်မှူးများ ဖြစ်ကြောင်း သိရသည်။

Shenzhou-11 အသယာဉ် ခရီးသည် တရုတ်နိုင်ငံက ရည်မှန်းထားသော အာကာသတွင် လူသားများ ပါဝင်နေထိုင်နိုင်သည့် စခန်း တစ်ခု တည်ဆောက်ရန် စီမံကိန်း၏ အစိတ်အပိုင်း တစ်ရပ် ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117