North America
အကြမ်းဖက်ဝါဒအား ပူးပေါင်းတိုက်ခိုက်သွားရန် အမေရိကန် နှင့် အိန္ဒိယ နှစ်နိုင်ငံခေါင်းဆောင်များ သံဓိဌာန်ပြု
ဝါရှင်တန်၊ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ)
ကမ္ဘာကြီး၌ ရင်ဆိုင်ကြုံတွေ့နေရသော အကြမ်းဖက်ဝါဒကို အိန္ဒိယ နှင့် အမေရိကန် နှစ်နိုင်ငံပူးပေါင်း၍ နှိမ်နှင်းတိုက်ခိုက်သွားရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ တို့နှစ်ဦးသည် ဇန်နဝါရီလ ၂၄ ရက်က ကတိပြုခဲ့ကြကြောင်း သိရသည်။
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ နှင့် ဖုန်းဖြင့်ဆွေးနွေးစဉ် ဒေါ်နယ်ထရမ့်က ကမ္ဘာ့စိန်ခေါ်မှုများကို ရင်ဆိုင်ရာ၌ အိန္ဒိယနိုင်ငံသည် အမေရိကန်နိုင်ငံအတွက် “ ယုံကြည်စိတ်ချရဆုံး မိတ်ဆွေ နှင့် လုပ်ဖော်ကိုင်ဖက်” တိုင်းပြည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အိမ်ဖြူတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နှစ်နိုင်ငံခေါင်းဆောင်တို့သည် အမေရိကန် နှင့် အိန္ဒိယ နှစ်နိုင်ငံအကြား ကာကွယ်ရေး နှင့် စီးပွားရေး ကဏ္ဍများ အပါအဝင် မိတ်ဖက်ဆက်ဆံရေးတိုးမြှင့်လုပ်ဆောင်သွားနိုင်မည့် အခွင့်အရေးများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အလယ်အာရှ နှင့် တောင်အာရှ ဒေသ လုံခြုံရေးအတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီအား ယခုနှစ် နှစ်ကုန်ပိုင်းတွင် အမေရိကန်နိုင်ငံ၌ လက်ခံတွေ့ဆုံရန် စီစဉ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။(Xinhua)