Connect with us

North America

ထရမ့် မူဝါဒ၊ စီးပွားရေး အချက်အလက်များကြားမှာ အမေရိကန် ဒေါ်လာဈေး လှုပ်ရှား

အမေရိကန် ဒေါ်လာများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးယောက်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေး မူဝါဒများနှင့် စီးပွားရေး အချက်အလက်သစ်များ ထုတ်ပြန်မှုပေါ် မူတည်၍ အခြား အဓိက ငွေကြေးများနှင့် လဲလှယ် နှိုင်းယှဉ်ရာတွင် အမေရိကန်ဒေါ်လာ ဈေးများမှာ ဇန်နဝါရီလ ၂၄ ရက်က မတည်ငြိမ် ဖြစ်ခဲ့ကြောင်း သိရသည်။

လေ့လာဆန်းစစ်သူများ အဆိုအရ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံများနှင့် မြောက် အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် ပြန်လည် စေ့စပ် ဆွေးနွေးမည့် ထရမ့်၏ အစီအစဉ်နှင့် အာရှ နိုင်ငံများနှင့် ပစိဖိတ် ဖြတ်ကျော် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ခြင်း (TPP) မှ နုတ်ထွက်ရန် ပြောကြားခဲ့ခြင်း စသည်တို့ကို ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်ကြောင်း သိရသည်။

စီးပွားရေး အရ ကြည့်ရလျှင်လည်း အမေရိကန်နိုင်ငံရှိ အိမ်ဈေးများမှာလည်း ၂၀၁၆ ခုနှစ်တွင် ဆယ်စုနှစ် အတွင်း ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့ကြောင်း အမျိုးသား အိမ်ခြံမြေ ရောင်းဝယ်သူများအသင်းက ဇန်နဝါရီလ ၂၄ ရက်က ပြောကြားခဲ့သည်။

စုစုပေါင်း အိမ်ခြံမြေ ရောင်းအားမှာလည်း ဒီဇင်ဘာလတွင် ၂.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။

အမေရိကန် ဒေါ်လာသည်လည်း အခြား အဓိက နိုင်ငံခြား ငွေကြေး ခြောက်ခုနှင့် လဲလှယ်ရာတွင် ဇန်နဝါရီလ ၂၄ ရက်က ဝ.၁၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

နယူးယောက် အိတ်ချိန်းတွင် ယူရိုဈေးမှာ တစ်ယူရိုလျှင် ၁.၀၇၃၉ ဒေါ်လာမှ ၁.၀၇၂၈ ဒေါ်လာသို့ ကျဆင်းလာခဲ့ကြောင်း၊ ဗြိတိန်ပေါင်မှာလည်း တစ် စတာလင်ပေါင်လျှင် ၁.၂၄၉၄ ဒေါ်လာမှ ၁.၂၅၀၄ ဒေါ်လာသို့ တက်လာခဲ့ကြောင်း၊ သြစတြေး ဒေါ်လာသည်လည်း ဝ.၇၅၆၄ ဒေါ်လာမှ ဝ.၇၅၇၇ ဒေါ်လာသို့ မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.