Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ နှင့် ဇနီး ကမ္ဘောဒီးယားနိုင်ငံသို့ ၄ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ် ယနေ့စတင်

ဖနောင်ပင် လေဆိပ်၌ နိုင်ငံတော် သမ္မတအား ကြိုဆိုနေကြစဉ်(ဓာတ်ပုံ-မြန်မာသံရုံး၊ ဖနောင်ပင်မြို့)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက် အရ နိုင်ငံတော် သမ္မတ ဦးထင်ကျော် နှင့် ဇနီးတို့သည် ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ယနေ့ဖေဖော်ဝါရီ ၃ ရက်မှ စတင်၍ ၆ ရက်အထိ ၄ ရက်ကြာ သွားရောက်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယနေ့နံနက်ပိုင်း ၈ နာရီခွဲ အချိန်တွင် အထူးလေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ၁၁ နာရီ ၁၅ မိနစ် အချိန်တွင် ဆိုက်ရောက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နန်းတော်ရေးရာဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့မှ ခရီးဦး ကြိုဆိုခဲ့ကြောင်းသိရသည်။

ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် သွားရောက်ခဲ့ရာတွင် နိုင်ငံတော် သမ္မတ နှင့်အတူ ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ၊ နိုင်ငံခြားရေး ဝန်ကြီး ဌာန နှင့် သမ္မတရုံး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117