Connect with us

Politics, Law & Military

တပ်မတော်သားကိုယ်စားလှယ် ကိုးဦး အစားထိုးပြောင်းလဲ ခန့်အပ်

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအာ အစားထိုး ပြောင်းလဲသော သတင်းထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ကိုးဦးအား အစားထိုးပြောင်းလဲခန့်အပ်လိုက်ကြောင်း ဖေဖော်ဝါရီ ၂ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

ကယားပြည်နယ်လွှတ်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ တနင်္လာရီတိုင်းဒေသကြီးလွှတ်တော်၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ ရခိုင်ပြည်နယ်လွှတ်တော်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်နှင့် ရှမ်းပြည်နယ် လွှတ်တော်များရှိ ကိုယ်စားလှယ်များကို အစားထိုးပြောင်းလဲ ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်တင်သွင်းခဲ့သော တပ်မတော်သား ကိုယ်စားလှယ် ခုနှစ်ဦးအား အမည်စာရင်းပြောင်းလဲလိုကြောင်း ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြား ချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး အစားထိုး ပြောင်းလဲခွင့် ပြုလိုက်ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.