Connect with us

Politics, Law & Military

ထောင်ထွက်များအား လူအဖွဲ့အစည်းနှင့် ပြန်လည်ပေါင်းစည်းပေးသည့် စနစ် လိုအပ်

မြန်မာနိုင်ငံ အမျိုးသား အဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာ မူကြမ်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထဲရေး ၀န်ကြီးဌာန ၊ ရဲချုပ် ဇော်ဝင်းက အဖွင့် မိန့် ခွန်း ပြောကြားစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

မှုခင်း ကြိုတင်ကာကွယ်တားဆီးသည့် နည်းဗျူဟာများတွင် ထောင်ထွက်များအား လူ့ အဖွဲ့ အစည်းနှင့် ပြန်လည်ပေါင်းစည်းပေးခြင်းလည်း ပါဝင်ပြီး မြန်မာနိုင်ငံတွင် အဆိုပါ ကျင့်သုံးသည့် နည်းစနစ် ကောင်း လိုအပ်နေသည်ဟု နေပြည်တော် သင်္ဂဟဟိုတယ်တွင် ယနေ့နံနက် ပြုလုပ်သည့် ပထမအကြိမ် မြန်မာနိုင်ငံ အမျိုးသား အဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာ မူကြမ်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထဲရေး ဝန်ကြီးဌာန ၊ ရဲချုပ် ဇော်ဝင်းက ပြောခဲ့သည်။

“ထောင်ကျတစ်ယောက် ပြန်လွတ်လာတဲ့အခါ သူ့ကို လူ့အဖွဲ့အစည်းထဲမှာ ဝင်ဆံ့အောင် ပေါင်း စည်း ပေးဖို့လိုတယ်၊သူ့ကို ထောင်ထွက်တစ်ယောက်ဆိုပြီး အဖက်မလုပ်ဘူး၊ သာရေးလည်း မခေါ်ဘူး၊ နာရေးလည်း မခေါ်ဘူးဆိုရင် ထောင်ကထွက်လာတဲ့ သူဖြစ်လို့ သူနဲ့ဆက်သွယ်မှု ရှိပြီးသား ဒုစရိုက်သမားတွေနဲ့ပဲ ဆက်သွယ်မယ်၊ သူ့ကို လူ့အဖွဲ့အစည်းမှာ ဝင်ဆံ့အောင် မလုပ်ပေး နိုင်ရင် သူက အဲဒီလူတွေနဲ့ပေါင်းပြီးတော့ ထောင်ထဲ ပြန်ရောက်မယ်၊ ကျွန်တော်တို့နိုင်ငံမှာ အဲဒီလို ထောင်ကထွက်လာသူတွေအတွက် Reintegration Programmes ကောင်းကောင်း ရှိဖို့လိုအပ် ပါတယ်” ဟု ရဲချုပ် ဇော်ဝင်းက ပြောခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသား အဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာ မူကြမ်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် UNODC ၏ Country Manager Mr. Troels Vester မိန့်ခွန်းပြောကြားစဉ်။(ဆင်ဟွာ)

ကမ္ဘာ့နိုင်ငံ အသီးသီးတွင် နိုင်ငံသားများ၏ Safety and Security အတွက်သာမက ဘ၀ အရည် အသွေးမြှင့်တင်ဖို့ကြိုးပမ်းရာတွင် Crime Prevention Strategy ၏ အရေးပါမှုကို အလေးထား လာကြကြောင်း၊ Crime Prevention ဆိုင်ရာ ချဉ်းကပ်မှု နည်းလမ်းများကို အဓိက အားဖြင့် လူမှု ဖွံ့ဖြိုးရေး တိုးတက်စေခြင်းဖြင့် မှုခင်းကာကွယ်ခြင်း (Crime Prevention through social Development), လူထု၊ သို့မဟုတ် ဒေသအခြေပြု မှုခင်းကာကွယ်ရေး (Community or Locally based Crime Prevention), အခြေအနေဆိုင်ရာ မှုခင်း ကာကွယ်ရေး (Situational Crime Prevention), နှင့် ပြန်လည်ပေါင်းစည်းရေး အစီအစဉ်များ (Reintegration Programmes) ဟူ၍ လေးမျိုးူရှိရာတွင် မြန်မာနိုင်ငံ၏ လက်ရှိအနေအထားနှင့် လျော်ညီသည့် နည်းလမ်းများကို လိုအပ်သလို ပေါင်းစပ် အသုံးပြုနိုင်ရန် ထည့်သွင်းစဉ်းစား ပေးစေလိုကြောင်း လည်း ၎င်းက တိုက်တွန်း ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံရဲ့ အမျိုးသားအဆင့် Crime Prevention Strategy အပေါ် ဆွေးနွေးကြမယ့် ပုဂ္ဂိုလ်များ အနေနဲ့ ၂၁ ရာစုမှာ တိုးတက် ပြောင်းလဲလာတဲ့ Crime Prevention အမျိုးအစားများနဲ့ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ Crime Prevention ဆိုင်ရာ မူသဘောတရားများ အပေါ် အခြေခံပြီး ဆွေးနွေးကြစေလိုပါတယ်” ဟုလည်း `၎င်းက ပြောကြားခဲ့သည်။

အမျိုးသားအဆင့်တွင် နိုင်ငံရှိ အဆင်းရဲဆုံးနှင့် အချမ်းသာဆုံး ပြည်သူများအကြား မိသားစု ဝင်ငွေ ကွာဟမှု အတိုင်းအတာများ၊ အကျင့်ပျက် ခြစားမှု အဆင့်ဆင့်များ၊ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ Infrastructure နှင့် institutions များ၏ အရည်အသွေးများ အပြင် မတူကွဲပြားသည့် လူမှုရေးနှင့် ယဉ်ကျေးမှု ပုံစံများသည် ပြစ်မှု ကျူးလွန်သူတို့၏ သားကောင် ဖြစ်နိုင်ခြေရှိသော အခြေအနေများ (Risk factors of Victimization) ဖြစ်ကြောင်း၊ ဒေသအဆင့်တွင် လုံလောက်မှု မရှီသည့် လူမှု စီးပွား ဖွံ့ဖြိုးမှု ဆိုင်ရာ အခြေခံ အဆောက်အအုံများ၊ ဘဏ္ဍာရေး ရင်းမြစ်များ၊ ဆင်းရဲနွမ်းပါးသည့် အိုးအိမ်နှင့် ပတ်ဝန်းကျင်အခြေအနေများ၊ ပညာရေး၊ ကျန်းမားရေး ဝန်ဆောင်မှု ဆိုင်ရာ အားနည်းချက်များ၊ အလုပ်လက်မဲ့ နှုန်း မြင့်မားမှုများ၊ မူးယစ်ဆေးဝါးနှင့် လက်နက်များ အလွယ်တကူ ရရှိနိုင်မှုများသည် ပြစ်မှု ကျူးလွန်သူတို့၏ သားကောင် ဖြစ်နိုင်ခြေရှိသော အခြေအနေများ ဖြစ်သောကြောင့် ယခု ဆွေးနွေးပွတြွင် ထည့်သွင်း ဆွေးနွေးကြစေလိုကြောင်းလည်း မြန်မာနိုင်ငံ ရဲချုပ်က ပြောခဲ့သည်။

UNODC (United Nations Office on Drugs and Crime) ၊ ပြည်ထဲရေး ဝန်ကြီးဌာန နှင့် ဗြိတိသျှ သံရုံးတို့ပူးပေါင်း ကျင်းပသည့် အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိကြီးများ၊ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဆက်စပ်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့်အတူ UNODC ၏ Country Manager Mr. Troels Vester နှင့် သံအမတ်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.