ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ပဉ္စမအကြိမ်မြောက် ကမ္ဘာ့အင်တာနက်ကွန်ဖရင့် (WIC) ကို နိုဝင်ဘာလတွင် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဝူကျန်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

ရှန်ဟိုင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာသွင်းကုန်ပြပွဲ (CIIE) အတွက် တရုတ်နိုင်ငံ ကောလိပ်နှင့် တက္ကသိုလ်များမှာ စေတနာ့ဝန်ထမ်း ၅,၀၀၀ ကျော် စုဆောင်းထားရှိကြောင်း Communist Youth League ရှန်ဟိုင်း မြူနီစီပယ်ကော်မတီက ပြောကြားခဲ့သည်။

ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ခေတ်သစ်အတွက် တရုတ်သွင်ပြင်လက္ခဏာနှင့် ဆိုရှယ်လစ်စနစ်အကြောင်း ရေးသားထားသည့် သမ္မတ ရှီကျင့်ဖိန်၏ အတွေးအမြင် e-book စာအုပ် ၁၁၁ အုပ် e-reading ပလက်ဖောင်း ၅ ခုတွင် မိတ်ဆက်ခဲ့ကြောင်း ထုတ်ဝေသူများက ပြောကြားခဲ့သည်။

ပေကျင်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

အန်ဂိုလာနိုင်ငံ သမ္မတ Joao Lourenco သည် တရုတ်နိုင်ငံသို့ အောက်တိုဘာလ ၈ ရက်မှ ၁၀ ရက်အတွင်း ချစ်ကြည်ရေးခရီးလာရောက်မည် ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က စက်တင်ဘာ ၂၇ ရက် ၌ နယူးယောက် မြို့တွင် ကျင်းပ ပြုလုပ်သည့် BRICS နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကို တက်ရောက် ခဲ့သည်။

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က စက်တင်ဘာ ၂၇ ရက် ၌ ကုလသမဂ္ဂ အစည်းအဝေး တက်ရောက်စဉ် အတွင်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Tarō Kōno နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

ပေကျင်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ဒေသ Rutog နယ်မြေတွင် စက်တင်ဘာလ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၅း၁၃ နာရီတွင် ပြင်းအား ၅.၁ ရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်များစင်တာ (CENC) ထံမှ သိရသည်။

နယူးယောက် ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က နယူးယောက်မြို့ တွင် ကုလသမဂ္ဂ အစည်းအဝေး တက်ရောက်နေစဉ် အတွင်း ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး Heiko Maas နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့သည်။

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က စက်တင်ဘာ ၂၆ ရက်က ပြုလုပ်သော ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေး၌ အမေရိကန် နိုင်ငံ ရွေးကောက်ပွဲတွင် တရုတ် နိုင်ငံက ဝင်ရောက်စွက်ဖက်နေကြောင်း အမေရိကန်အစိုးရ၏ ပြောကြားမှု အပေါ် တရုတ်နိုင်ငံအနေဖြင့် အခြားမည်သည့် နိုင်ငံ၏ ပြည်တွင်းရေးကိုမျှ ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် မူဝါဒကို ခိုင်မြဲစွာ စောင့်ထိန်းသလို ၊ မည်သည့် နိုင်ငံ တစ်နိုင်ငံကမျှ အခြားတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ရန် လိုကြောင်း တုံ့ပြန်ပြောကြားလိုက်သည်။

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က နယူးယောက် မြို့ တွင် ကုလသမဂ္ဂ အစည်းအဝေး တက်ရောက် စဉ် အတွင်း စက်တင်ဘာ ၂၅ ရက်နေ့ ၌ ဟန်ဂေရီ နိုင်ငံခြားရေး နှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး Péter Szijjártó နှင့် တွေ့ဆုံမှု တစ်ရပ် ပြုလုပ် ခဲ့သည်။