Connect with us

Media

ကဘူးလ်လေဆိပ်၌ အမေရိကန်တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် နည်းဆုံး ၃ ဦး သေဆုံး

ကဘူးလ်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တို့က အပြည့်အဝ သိမ်းပိုက်ခဲ့ပြီးနောက် အာဖဂန်ပြည်သူအချို့သည် နိုင်ငံအတွင်းမှ ထွက်ပြေးရန် အလုအယက်ကြိုးပမ်းခဲ့ကြသည်။ ကဘူးလ် လေဆိပ် ပြေးလမ်းတွင် တိုးဝှေ့နေသော လူအုပ်ကြီးအား တားဆီးရန် အမေရိကန် စစ်တပ်က ပစ်ခတ်ခဲ့ရာမှ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ကြောင်းသိရသည်။

မျက်မြင်သက်သေများ၏ပြောကြားချက်များအရ အာဖဂန်ပြည်သူများသည် လေဆိပ်အတွင်းအလုအယက်ချဉ်းနင်းဝင်ရောက်ကြစဉ် အမေရိကန်စစ်တပ်က လူအုပ်ကြီးအားဟန့်တားရန် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။ သေဆုံးသူများမှာမည်သူမည်ဝါဖြစ်ကြောင်းလက်ရှိအချိန်အထိ မသိရသေးကြောင်း သိရသည်။ (Xinhua)

…………………
(English Version)
GLOBALink | U.S. troops open fire at Kabul airport, killing at least 3

KABUL, Aug. 16 (Xinhua) — U.S. troops opened fire in the air at Kabul airport on Monday, killing at least three people.
Witnesses said that Afghans swarmed the runway of Kabul airport, and U.S. forces fired warning shots to deter the people.
The identities of the dead are still unknown.
Kabul airport was in chaos as Afghans rushed to leave the capital city after the Taliban took control of all the districts of Kabul.
Afghan President Mohammad Ashraf Ghani left the country on Sunday night, while the Taliban forces entered the capital of Kabul and took control of the presidential palace.

Produced by Xinhua Global Service