Connect with us

Media

တရုတ်နိုင်ငံ၏‌ရေခဲခွဲ သုတေသနယာဉ် အာတိတ်ဒေသလေ့လာရေးခရီးစဉ်စတင်ထွက်ခွါ

ရှန်ဟိုင်း၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ၁၂ ကြိမ်မြောက်အာတိတ်ရေခဲပြင်လေ့လာရေးခရီးစဉ်အဖြစ် တရုတ်သုတေသနပညာရှင်များ သည် တနင်္လာနေ့၌ ပြည်တွင်းဖြစ် ရေခဲခွဲယာဉ် Xuelong 2(နှင်းနဂါးသင်္ဘော ၂) ဖြင့် ရှန်ဟိုင်းမှ စတင်ထွက်ခွါခဲ့သည်။

၎င်းမှာ တရုတ်နိုင်ငံ၏ ၁၄ ကြိမ်မြောက် ၅ နှစ်တာစီမံကိန်း( ၂၀၂၁-၂၀၂၅) ၏ ပထမဆုံးအကြိမ်ထွက်ခွါသည့် သုတေသနခရီးစဉ်လည်းဖြစ်သည်။ ယာဉ်မှာ ရေမိုင် ၁၅,၀၀၀ မိုင် ခရီးနှင်ပြီးနောက် စက်တင်ဘာလနှောင်းပိုင်းတွင် ရှန်ဟိုင်းသို့ပြန်လည်ရောက်ရှိရန်လျာထားသည်။

တရုတ်နိုင်ငံ သဘာဝအရင်းအမြစ်ဝန်ကြီးဌာနက စီစဉ်သည့် အဆိုပါ လေ့လာရေးခရီး၌ ရာသီဥတုပြောင်းလဲခြင်း၊ ဂေဟဗေဒစနစ်များ၊ သမုဒ္ဒရာတွင်းရှိ အက်ဆစ်ပမာဏနှင့် သမုဒ္ဒရာရေ ညစ်ညမ်းမှုဖြစ်ပွားပုံများအား အပိုင်းအလိုက်ခွဲခြမ်းလေ့လာစူးစမ်းရေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းလေ့လာတွေ့ရှိချက်များသည် တရုတ်သုတေသီများအတွက် သမုဒ္ဒရာ ရေအောက်ကြမ်းပြင်၌ဖြစ်တည်နေသော တောင်တန်းစနစ် mid-ocean ridge အကြောင်းပိုမိုနားလည်စေရန် ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.