Connect with us

Media

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုတန်ဖိုးမှာ ပထမနှစ်ဝက်အတွင်း ၂၇.၁ ရာခိုင်နှုန်းအထိတိုး

ပေကျင်း၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ၂၀၂၁ ခုနှစ်ပထမ နှစ်ဝက်အတွင်း စုစုပေါင်း သွင်းကုန်ပို့ကုန်တန်ဖိုးပမာဏမှာ ယွမ် ၁၈.၀၇ထရီလီယံ (အမေရိကန်ဒေါ်လာ ၂.၇၉ ထရီလီယံ) အထိ ရောက်ရှိခဲ့ရာ နှစ်အလိုက်တိုးတက်မှုနှုန်းမှာ ၂၇.၁ ရာခိုင်နှုန်းအထိ တိုးပွားကျယ်ပြန့်လာခဲ့ကြောင်း အင်္ဂါနေ့က ထုတ်ပြန်သည့်တရားဝင်အချက်အလက်များအရသိရသည်။

၂၀၁၉ခုနှစ် ကပ်ရောဂါ မဖြစ်ပွားမီက ၂၂.၈ ရာခိုင်နှုန်း‌ရှိခဲ့ရာ ယခုမှာပိုမိုတိုးမြင့်လာခြင်းဖြစ်ကြောင်း ဗဟိုအကောက်ခွန်ညွှန်ကြားမှုဦးစီးဌာနကဆိုသည်။

ယွမ်ငွေအားဖြင့် ပို့ကုန်ပမာဏမှာ မနှစ်ကထက် ၂၈.၁ ရာခိုင်နှုန်းပိုမိုခဲ့ပြီး သွင်းကုန်ပမာဏမှာ ၂၅.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရသည်။
ဇူလိုင်တစ်လတည်း၌ပင် နိုင်ငံ၏ ပို့ကုန်သွင်းကုန်ပမာဏမှာ နှစ်အလိုက် ၂၂ ရာခိုင်နှုန်းတိုးတက်ခဲ့ရာ ၃.၂၉ ထရီလီယံ ယွမ်အထိရောက်ရှိခဲ့ပြီး ပို့ကုန်သွင်းကုန်ပမာဏတိုးတက်သည့် ဇယားကွက်၏ ၁၃ လမြောက်အဖြစ်တိုးမြင့်လာခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.