Connect with us

Media

အဓိကရုဏ်းများ ဆက်လက်တိုးပွားလာလျက်ရှိရာ ကာဇက်စတန်နိုင်ငံ သမ္မတက စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အမိန့်ပေး

နာလ်ဆူတန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)
ကာဇက်စတန်နိုင်ငံသမ္မတ ကာဆန် ဂျိုမတ် တိုကာယက် (Kassym-Jomart Tokayev) က ဒီဇင်ဘာ ၆ ရက်တွင် အထူးအဖွဲ့တစ်ဖွဲ့အား ဖွဲ့စည်းပြီး နိုင်ငံအတွင်း ဆူပူအုံကြွမှုများတိုးပွားလာသည့်အပေါ်တွင် စုံစမ်းစစ်ဆေးမှုများကိုပြုလုပ်ရန်နှင့် ပြစ်မှုကျူးလွန်သူများအားလုံးကို ၎င်းတို့၏ အပြစ်နှင့်ထိုက်တန်သည့် ပြစ်ဒဏ်ချမှတ်ရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။
သမ္မတရုံးဝက်ဘ်ဆိုဒ် ၏ သတင်းထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းလုံးနေရာအနှံ့၌ ဆန္ဒပြမှုများ ဆက်လက်တိုးပွားလာသဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေး၊ စီးပွားရေးလုပ်ငန်းများအား ထောက်ပံ့ရေးနှင့် ဆန္ဒပြမှုများအားနှိမ်နင်းရန် အသင့်ပြင်ဆင်ရေး အပါအဝင် အရေးပေါ်ညွှန်ကြားချက်များစွာကို သမ္မတက အစိုးရနှင့် စစ်တပ်အား ပေးခဲ့ကြောင်း သိရသည်။
တင်းကြပ်မှုများကိုဖြေလျှော့ပြီးနောက် ဘဏ်လုပ်ငန်းများ နှင့်အခြားဘဏ္ဍာရေးရာအဖွဲ့အစည်းများ တည်ငြိမ်စေရန်နှင့် ပြန်လည် လည်ပတ်စေရန်သမ္မတက ညွှန်ကြားခဲ့သည်။ ထို့အပြင် ကာဇက်စတန်နိုင်ငံအတွင်းရှိ သံတမန်ရေးရာမစ်ရှင်များ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ကုမ္ပဏီများကိုလည်း အကာအကွယ်ပေးရန် ညွှန်ကြားချက်များကိုချမှတ်သည်။
မကြာသေးမီရက်များအတွင်းက လောင်စာဆီဈေးနှုန်းများ အဆမတန် မြင့်မားလာခြင်းအပေါ် မကျေနပ်မှုများဖြစ်ပွားခဲ့ရာမှ ဆန္ဒပြမှုများ အရှိန်မြင့်လာခြင်းဖြစ်ပြီး ဆန္ဒပြသူထောင်ပေါင်းများစွာက လမ်းမများပေါ်ထွက်လာပြီး လက်နက်ကိုင်တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့များနှင့် ပဋိပက္ခထိပ်တိုက်တွေ့ဆုံမှုများရှိခဲ့သည်။
အွန်လိုင်းတွင် တင်ထားသည့် ရုပ်သံများထဲတွင် ပြည်သူများက ကာဇက်စတန်နိုင်ငံ၏ အကြီးဆုံးမြို့ကြီးတစ်မြို့ဖြစ်သည့် အယ်လ်မတ်တီမြို့ရှိအဓိကကျသည့်အစိုးရအဆောက်အဦအား ဝင်ရောက်စီးနင်းခဲ့ပြီး ရဲကားများကိုမီးရှို့ခြင်းနှင့် အာဏာရ နာအိုတန်ပါတီ၏ ဌာနေရုံးခွဲအားတိုက်ခိုက်ခြင်းတို့လုပ်ဆောင်ခဲ့သည်။
မတည်ငြိမ်မှုများ တိုးပွားလာခြင်းကြောင့် ကာဇက်စတန်အစိုးရသည် ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များ တပ်ဖြန့်စေလွှတ်ရန် ဆုံးဖြတ်ထားသည့် စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (Collective Security Treaty Organization) ထံမှ အကူအညီတောင်းခံသွားရန်ကြိုးပမ်းခဲ့ကြောင်းသိရသည်။(Xinhua)
……………………..
(English Version)
Kazakh president orders probe into riots as protests continue
NUR-SULTAN, Jan. 6 (Xinhua) — Kazakh President Kassym-Jomart Tokayev on Thursday ordered that a special team be created to investigate the mounting unrest rocking the Central Asian country and hold all perpetrators accountable for their violent acts.
According to a press release on the presidential website, Tokayev gave a number of urgent instructions to the government and the armed forces, including stabilizing public transport, supporting businesses and increasing combat readiness, as protests continue in many parts of the country.
Stable operation of banks and other financial institutions should be restored after the tension eases, the president said. He also gave instructions to protect diplomatic missions, foreign investment and companies in Kazakhstan.
The country is seeing escalating protests sparked by dissatisfaction over surging fuel prices in recent days, with thousands of protesters going to streets and having clashes with police and armed forces.

Videos posted online showed people storming the main government building in Almaty, the country’s largest city, setting police vehicles on fire, and attacking the regional branch of the ruling Nur Otan party.
The mounting unrest prompted the Kazakh government to seek help from the Collective Security Treaty Organization, which has decided to deploy peacekeeping forces to Kazakhstan.