Connect with us

Media

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ၄ ရက်ကြာ ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပမည်

ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ၂၀၂၃ ခုနှစ် သီတင်းကျွတ်မီးထွန်းပွဲတော်ကို အောက်တိုဘာ ၂၇ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ ၄ ရက်ကြာ ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ဆင်ဟွာသို့ ယနေ့အောက်တိုဘာ ၂၀ ရက်တွင်ပြောသည်။

ဦးမျိုးမြင့်အောင်က “ဒီမီးထွန်းပွဲကို ၄ ရက်တာ ကာလအတွင်းမှာ မနက် ၉ နာရီကနေ ည ၁၀ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီသီတင်းကျွတ်ပွဲတော်မှာ ဆိုင်ခန်းပေါင်း ၄၀၀ ကျော်ပါဝင်ပြသမှာပါ။ စက်မှုထုတ်ကုန်တွေပါမယ်။ နောက်ပြီး အရင်နှစ်တွေနဲ့ မတူတာက ငါးပွဲတော်ပါတာပေါ့။ ငါးပွဲတော်မှာ စားတဲ့ငါးတွေကို မွေးတာကနေစပြီး ပြခန်းတွေ ပါဝင်ပြသသွားမှာပါ။ ငါးပွဲတော်မှာ ကဏန်း၊ ပုစွန်၊ ပင်လယ်စာ အကုန်ပါမှာပါ။ ညဘက်ဆိုရင် ရုပ်ရှင်၊ သဘင်၊ ဂီတ၊ ဟာသ နာမည်ကြီး အနုပညာရှင်တွေက ဖျော်ဖြေတင်ဆက်မှုတွေ ပါဝင်မှာပါ” ဟုပြောသည်။ဖျော်ဖြေရေးအစီအစဉ်များကို ည ၆ နာရီ မှ ၁၀ နာရီ အထိ ၄ ညတိုင်တိုင် ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။ နေ့လယ်ဘက်တွင် ကလေးများနှင့် လူငယ်များအတွက် ပျော်ရွှင်ဖွယ်ရာ ပြိုင်ပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“မီးရှူးမီးပန်းလွှတ်မယ့်အစီအစဉ်လည်းပါတယ်။ အဖိတ်နေ့ ၂၈ ရက်ညနဲ့ လပြည့် ၂၉ ရက်ည တွေဖောက်မှာပါ။ ပွဲတော်ကာလအတွင်း ၄ ရက်လုံးကို ဒံပေါက် စတုဒိသာ ကျွေးသွားမှာပါ။ ပွဲတော်ကို လာရောက်တဲ့သူတွေအတွက် ဝင်ကြေးအခမဲ့ပါ” ဟု ဦးမျိုးမြင့်အောင်က ဖြည့်စွက်ပြောကြားသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.