Connect with us

Media

အင်ဒိုနီးရှားနိုင်ငံက ဂါဇာဒေသသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးပို့

ဂျကာတာ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံက ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီ ၅၁.၅ တန်အား နိုဝင်ဘာ ၄ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှားအစိုးရနှင့်ပြည်သူများထံမှ အကူအညီများအား လေယာဉ်သုံးစင်းဖြင့် ပေးပို့ခဲ့ခြင်းဖြစ်သည်။ ယင်းလေယာဉ်များသည် အီဂျစ်နိုင်ငံရှိ El-Arish လေဆိပ်၌ ဆင်းသက်ပြီးနောက် အကူအညီများအား ဂါဇာဒေသသို့ ပေးပို့သွားမည်ဟု အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့သည်။

အဆိုပါအကူအညီများတွင် ဆေးဘက်ဆိုင်ရာပစ္စည်းများ ၊ ဆေးဝါးများ ၊ ရေသန့်စက်များ ၊ စောင်များ ၊ ရွက်ဖျင်တဲများနှင့် အခြားပစ္စည်းများ ပါဝင်ကြောင်း သိရသည်။ (Xinhua)

…………………………..
(English Version)
Indonesia sends humanitarian aid to Gaza
Indonesia on Saturday sent 51.5 tonnes of humanitarian aid for the Palestinians in the Gaza Strip.
Three flights transported the aid from the Indonesian government and the people. Indonesian President Joko Widodo said the planes would land at El-Arish Airport in Egypt. After that, the aid will be delivered to Gaza.
The aid comprises medical equipment, medicine, water purifiers, blankets, tents, and other supplies.
Xinhua News Agency correspondents reporting from Jakarta.(XHTV)