Connect with us

Media

အစ္စရေးတပ်ဖွဲ့ဝင်များက ဂါဇာတွင် မြေပြင်စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်

တဲလ်အဗီး၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံက မြေပြင်စစ်ဆင်ရေး ဒုတိယအဆင့် ရောက်ရှိပြီဖြစ်ကြောင်း ကြေညာထားခြင်းကြောင့် အစ္စရေးတပ်ဖွဲ့များက လွန်ခဲ့သောရက်များအတွင်း ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းကို ပစ်မှတ်ထားလျက် လေကြောင်းတိုက်ခိုက်မှုများနှင့် တင့်ကားဖြင့်ပစ်ခတ်ခြင်းများ အရှိန်မြင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အစ္စရေး-ဂါဇာ ပဋိပက္ခစတင်ဖြစ်ပွားခဲ့သော အောက်တိုဘာ ၇ ရက်မှစ၍ ဂါဇာကမ်းမြောင်ဒေသဘက်မှ ဒုံးကျည် အချက်ပေါင်း ၈,၀၀၀ ကျော် ပစ်ခတ်ခဲ့ကြောင်း အစ္စရေးအာဏာပိုင်များက ကြေညာခဲ့သည်။ အောက်တိုဘာ ၃၀ ရက်တွင်မူ အစ္စရေးစစ်တပ်က ဂါဇာတွင် မြေပြင်စစ်ဆင်ရေး ဆက်လက်တိုးချဲ့လျက်ရှိကြောင်း၊ လွန်ခဲ့သောရက်အနည်းငယ်က ဟားမက်စ်၏ ပစ်မှတ် ၆၀၀ ကျော်ကို တိုက်ခိုက်နိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Israeli troops continue ground operations in Gaza
Israeli forces have escalated their air raids and tank shelling in Gaza in the past days focusing on the northern part of the strip, as the Israeli troops tried to advance in the territory as they announced that they have reached the second stage of this combat.
The Israeli authorities announced over 8,000 rockets have been fired from the coastal enclave since October 7, when this round of Israel-Hamas conflict broke out. On Monday, the Israeli army said its forces continued to expand ground operation in Gaza, and in the last few days, over 600 targets belonging to Hamas have been struck.