Connect with us

Media

ပေကျင်းမြို့တွင် ၁၀ ကြိမ်မြောက် ရှန်းဆန်းဖိုရမ် တရားဝင်ဖွင့်လှစ်

ပေကျင်း၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပေကျင်း အင်တာနေရှင်နယ်ကွန်ဗင်းရှင်းစင်တာတွင် ၁၀ ကြိမ်မြောက် ပေကျင်း ရှန်းဆန်းဖိုရမ် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၃၀ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုအခမ်းအနားသို့ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ကျန်းရို့ရှာ တက်ရောက်ကာ အရေးကြီးမိန့်ခွန်း ပြောကြားခဲ့သည်။

တရုတ်စစ်တပ်အနေဖြင့် အခြားသောအဖွဲ့အစည်းများနှင့်အတူ လက်တွဲလျက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အပြန်အလှန်ယုံကြည်မှု နက်ရှိုင်းရေး၊ လုံခြုံရေးမူဘောင် တိုးတက်ရေး၊ လုံခြုံရေးစီမံခန့်ခွဲမှု မြှင့်တင်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းက မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာကြီးသည် ပြောင်းလဲမှုများ၊ အစီအစဉ်မကျမှုများနှင့် ရင်ဆိုင်နေရကြောင်း၊ နိုင်ငံများအားလုံးအနေဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု စည်းမျဉ်းများကို လိုက်နာသွားသင့်သလို ဘုံဖွံ့ဖြိုးတိုးတက်မှုကို သဟဇာတရှိရှိ ဆောင်ရွက်သွားသင့်ပါကြောင်း ကျန်းက အလေးထားပြောခဲ့သည်။ နိုင်ငံများအားလုံးအနေဖြင့် ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် အငြင်းပွားမှုများကို ဖြေရှင်းရန်၊ မည်သည့်နိုင်ငံကမျှ မိမိ၏ကိုယ်ပိုင်သဘောဆန္ဒဖြင့် အခြားသူအပေါ် မကန့်သတ်သင့်ကြောင်း၊ မိမိတို့၏ ကိုယ်ကျိုးစီးပွားကို အခြားသူအပေါ်၌ မထားရှိသင့်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ ထို့ပြင် ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ ကျန်းက ယင်းကိစ္စရပ်မှာ တရုတ်နိုင်ငံ ပင်မအကျိုးစီးပွား၏ ဗဟိုအချက်အချာဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။တရုတ်နိုင်ငံမှ ထိုင်ဝမ်အား ခွဲထုတ်မည့် မည်သည့်ကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို အခိုင်အမာပယ်ချကြောင်းနှင့် တရုတ်စစ်တပ်အနေဖြင့်လည်း အခိုင်အမာတားမြစ်ကြောင်း ကျန်းက ပြောခဲ့သည်။ “ဘုံလုံခြုံရေး၊ ထာဝရ ငြိမ်းချမ်းရေး” ဟူသော ခေါင်းစဉ်ဖြင့် ယခုနှစ် ဖိုရမ်သို့ နိုင်ငံ ၁၉ နိုင်ငံမှ အစိုးရကိုယ်စားလှယ်များနှင့် ကာကွယ်ရေးဝန်ကြီး ၉၉ ဦး၊ နိုင်ငံ ၁၄ နိုင်ငံ၏ ကာကွယ်ရေးအကြီးအကဲများ၊ တရုတ်နိုင်ငံနှင့် ပြည်ပမှ ကျွမ်းကျင်သူများနှင့် ပညာရှင်များ စသည်ဖြင့် လူပေါင်း ၁,၈၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
10th Xiangshan Forum formally opens in Beijing
BEIJING, Oct. 30 (Xinhua) — The opening ceremony of the 10th Beijing Xiangshan Forum was held at the Beijing International Convention Center Monday.
Zhang Youxia, vice chairman of China’s Central Military Commission, attended the ceremony and delivered a keynote speech.
In his speech, Zhang said that the Chinese armed forces was willing to join hands with all parties to continuously deepen mutual trust on security issues, improve security architecture, enhance security governance and promote security cooperation.
Zhang emphasized that, faced with a world of changes and disorder, all countries should adhere to the principles of win-win cooperation and pursue common development in harmony.
He called on all countries to resolve disputes through dialogue and consultation, and noted that no country should impose its own will on others, put its own benefits above that of others.
Speaking of the Taiwan question, Zhang reiterated that it is at the very core of China’s core interests, adding that the one-China principle is a universal consensus among the international community.
Any attempt to sever Taiwan from China, no matter by whom or in what form, will be resolutely rejected and deterred by the Chinese armed forces, Zhang said.
The forum this year, under the theme of “Common Security, Lasting Peace,” was attended by over 1,800 participants, including members of 99 official delegations, defense ministers of 19 countries and chiefs of defense forces of 14 countries, as well as experts and scholars from China and abroad.