Connect with us

Media

ဂိုးလ်ဒင်းဂိတ်ကြေညာစာတမ်း အတည်ပြုခြင်းဖြင့် APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးရုပ်သိမ်း

ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

၃၀ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးတွင် အားလုံးအတွက် ကြံ့ကြံ့ခံ၍ ရေရှည်တည်တံ့သောအနာဂတ် ဖန်တီးရေးဟူသော ဂိုးလ်ဒင်းဂိတ် ကြေညာစာတမ်း (Golden Gate Declaration) အတည်ပြုခြင်းဖြင့် နိုဝင်ဘာ ၁၇ ရက်က ဆန်ဖရန်စစ္စကိုမြို့၌ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

“မိမိတို့အနေဖြင့် ဒေသတစ်ခွင် အလားအလာများစွာနှင့် ကြီးမားသော တက်ကြွမှု ဆက်လက်စီးဆင်းခွင့်ပြုရန်၊ စီးပွားရေး တိုးတက်မှုလှုံ့ဆော်ရန်၊ ရာသီဥတုပြောင်းလဲမှု အပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများအားလုံး ကိုင်တွယ်နိုင်ရန် နည်းပညာနှင့် စီးပွားရေးတိုးတက်မှုကို အတူတကွ ဆောင်ရွက်မည်ဖြစ်ကြောင်း” ကြေညာစာတမ်း၌ ဖော်ပြထားသည်။

စဉ်ဆက်မပြတ်ဖြစ်မှု၊ ရာသီဥတု၊ စွမ်းအင်ကူးပြောင်းမှု၊ အချင်းချင်းကွန်ရက်ချိတ်ဆက်မှုနှင့် အားလုံးပါဝင်၍ ကြံ့ကြံ့ခံနိုင်သော စီးပွားရေးများ တည်ဆောက်ရေး စသည့် အကြောင်းအရာများကို အလေးထားဆွေးနွေးခဲ့ကြသည့် နှစ်ရက်တာ အစည်းအဝေးပြီးနောက် အဆိုပါ ကြေညာစာတမ်းကို အတည်ပြုခဲ့ခြင်းဖြစ်သည်။
ထိုကြေညာစာတမ်းတွင် လွတ်လပ်သော၊ ပွင့်လင်းသော၊ မျှတသော၊ ဘက်လိုက်ခြင်းမရှိသော၊ ပွင့်လင်းမြင်သာမှုရှိသော၊ ကြိုတင်ခန့်မှန်းနိုင်သော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်တစ်ရပ် ဆောင်ကြဉ်းပေးနိုင်ရေး ဆုံးဖြတ်ချက်ကို ခေါင်းဆောင်များက ထပ်လောင်းအတည်ပြုခဲ့သည်။
ထို့ပြင် ခေါင်းဆောင်များသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို ဗဟိုပြုခြင်းဖြင့် ဥပဒေအခြေပြု နိုင်ငံစုံကုန်သွယ်ရေးစနစ်၏ အရေးပါပုံကိုလည်း ထပ်လောင်း အတည်ပြုခဲ့ကြကြောင်း သိရသည်။

APEC ခေါင်းဆောင်များအစည်းအဝေးကို “အားလုံးအတွက် ကြံ့ကြံ့ခံ၍ ရေရှည်တည်တံ့သော အနာဂတ်ကို ဖန်တီးခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ဆန်ဖရန်စစ္စကိုမြို့တွင် နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။ (Xinhua)

………………………………
(English Version)
APEC Economic Leaders’ Meeting concludes with adoption of Golden Gate Declaration
SAN FRANCISCO, Nov. 17 (Xinhua) — The 30th Asia-Pacific Economic Cooperation (APEC) Economic Leaders’ Meeting concluded in San Francisco on Friday with the adoption of Golden Gate Declaration on creating a resilient and sustainable future for all.
“We must harness technological and economic progress to continue to unleash the enormous potential and tremendous dynamism across our region, spur economic growth, as well as to address all environmental challenges, including climate change,” the declaration says.
The declaration was adopted after the two-day meeting, during which leaders focused on the subjects of sustainability, climate, energy transition, interconnectedness and building inclusive and resilient economies.
In the document, the leaders reaffirm their determination to deliver a free, open, fair, non-discriminatory, transparent, inclusive, and predictable trade and investment environment.
They also reaffirm the importance of the rules-based multilateral trading system, with the World Trade Organization at its core.
The leaders’ meeting is the highlight of the APEC Leaders’ Week, held in San Francisco on Nov. 11-17 with the theme of “Creating a Resilient and Sustainable Future for All.”