Connect with us

Media

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဝဥ၏ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့တင်ပို့လျက်ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဝဥ၏ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောသည်။

“ဝဥခြောက်ကို တရုတ်နိုင်ငံကို တင်ပို့ဖို့အတွက် GACC လျှောက်ထားနေတယ်။ ဝဥ အစို၊ အေးခဲကတော့ GACC လျှောက်ထားစရာမလိုဘူး” ဟု အဆိုပါတာဝန်ရှိသူကပြောသည်။
ထို့ပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဝဥကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအပြင် ပင်လယ်ရေကြောင်းကပါ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၇ ရက်သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ဝဥကို ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အဓိက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ “အမှန်ဆိုရင် ဝဥကပုံမှန်အားဖြင့် မြန်မာတစ်နိုင်ငံလုံးမှာ အလေ့ကျပေါက်ပါတယ်။ အဲဒါကို တူးပြီးရောင်းကြတာပေါ့။ အဲလိုရောင်းရင်းကနေမှ အိတ်စပို့ ပို့လို့ရတယ်ဆိုပြီး လွန်ခဲ့တဲ့ လေး၊ ငါး ဆယ်နှစ်ကမှ စပြီးစိုက်လာကြတာပေါ့” ဟု အဆိုပါ တာဝန်ရှိသူက ဖြည့်စွက်ပြောကြားသည်။မြန်မာနိုင်ငံ၌ ဝဥစိုက်ဧကပေါင်း ၁၃,၀၀၀ ကျော်ရှိပြီး ပြည်ပနိုင်ငံများတွင် ဝဥကုန်ကြမ်းသီးနှံများကို ခေတ်မီနည်းစနစ်များဖြင့် အချိုရည်၊ စားသောက်ကုန်၊ အလှကုန်၊ စက်မှုကုန်ကြမ်း၊ တိုင်ရင်းဆေးဝါးနှင့် ခေတ်မီဆေးဝါးများကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ဈေးကွက်အားဖြင့် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဝဥကို တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယနိုင်ငံများသို့ တင်ပို့နေရကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ ဝဥများတင်ပို့ရောင်းချရာတွင် ဝဥအခြောက်နှင့် ဝဥအခြောက်ပြားပြုလုပ်၍ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ ယခုဘဏ္ဍာနှစ်တွင်မူ ပင်ရင်းဒေသမှ ထွက်ရှိသည့် ဝဥများကို ရန်ကုန်ဆိပ်ကမ်းသို့တင်ပို့၍ ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် တရုတ်နိုင်ငံ ရှန်ဟိုင်းဆိပ်ကမ်းသို့ တင်ပို့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117