Connect with us

Media

တရုတ်နိုင်ငံက နီပေါနိုင်ငံ ငလျင်ဒဏ်သင့်ဒေသများအတွက် အရေးပေါ်အကူအညီများ ပေးပို့

ခတ္တမန္ဒူ၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံအနောက်ပိုင်းရှိ ငလျင်ဒဏ်သင့်ဒေသများအတွက် တရုတ်နိုင်ငံက အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများအား နီပေါနိုင်ငံ Pokhara နိုင်ငံတကာလေဆိပ်သို့ နိုဝင်ဘာ ၈ ရက်က ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယွမ်ငါးသန်း (အမေရိကန်ဒေါ်လာ ၆၉၀,၀၀၀) တန်ဖိုးရှိ ချည်ထည်ရွက်ဖျင်တဲ ၆၀၀ ၊ စောင် ၄,၆၀၀ အား သယ်ဆောင်လာသည့် တရုတ်ကုန်တင်လေယာဉ်နှစ်စင်းသည် လေဆိပ်၌ ဆင်းသက်ခဲ့ကြောင်း သိရသည်။

ယင်းပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ နီပေါနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး Narayan Kaji Shrestha နှင့် နီပေါနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် Chen Song တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………….
(English Version)
China sends emergency aid to Nepal for quake-hit areas
A batch of Chinese emergency relief materials for earthquake-hit areas in western Nepal was transported to Pokhara International Airport on Wednesday.
Two Chinese cargo planes landed at the airport with 600 cotton tents and 4,600 blankets worth 5 million RMB yuan (690,000 U.S. dollars).
Nepal’s Deputy Prime Minister and Home Minister Narayan Kaji Shrestha and Chinese Ambassador to Nepal Chen Song attended the handover ceremony.
Xinhua News Agency correspondents reporting from Pokhara, Nepal.(XHTV)