Connect with us

Media

ရုရှားက နျူကလီးယားလက်နက်ကို ပထမဦးစွာ အသုံးပြုမည်မဟုတ်ဟု ရုရှားသမ္မတ ပူတင် ပြောကြား

မော်စကို၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံသည် နျူကလီးယားလက်နက်ကို ပထမဦးစွာ အသုံးပြုမည်မဟုတ်ကြောင်းနှင့် နိုင်ငံကို ကာကွယ်ရန်နှင့်တန်ပြန်တိုက်ခိုက်ရန် နည်းလမ်းအဖြစ်သာ ရှုမြင်ထားကြောင်း ရုရှားသမ္မတ ပူတင်က ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။
နျူကလီးယားခြိမ်းခြောက်မှုက ပို၍ တိုးလာကြောင်း ရုရှားသမ္မတ ပူတင်က ယင်းနေ့တွင် အရပ်ဘက်လူ့အဖွဲ့အစည်းနှင့်လူ့အခွင့်အရေးဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် နှစ်ပတ်လည်အစည်းအဝေးကို ဗီဒီယိုဖြင့် ကျင်းပစဉ် ပြောကြားခဲ့သည်။ ရုရှားအနေဖြင့် လူသူအများအပြား သေဆုံးဒဏ်ရာရစေသော လက်နက်နှင့် နျူကလီးယားလက်နက်အသုံးပြုမှုကို ကာကွယ်ရေးနည်းလမ်းအနေဖြင့်သာ ရှုမြင်ရာ မိမိတိုက်ခိုက်ခံရသည့် အခြေအနေမျိုးမှာသာ လက်တုံ့ပြန်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားအနေဖြင့် ဆင်ခြင်တုံတရား မကင်းမဲ့သေးသလို ကမ္ဘာ့ဒေသအသီးသီးကို နျူကလီးယားလက်နက်အကြောင်းပြနေမည်မဟုတ်ကြောင်း၊ နျူကလီးယားလက်နက်သည် ပဋိပက္ခကျယ်ပြန့်မှုကို ကာကွယ်သည့် အဟန့်အတားသာ ဖြစ်ကြောင်း ပူတင်က အလေးထားပြောကြားခဲ့သည်။
အမေရိကန်နှင့်မတူညီသည်မှာ ရုရှားက အခြားနိုင်ငံများတွင် နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ မဖြန့်ကျက်ခြင်းပဲ ဖြစ်ကြောင်း ၊ ရုရှားအနေဖြင့် ယခင်က ထိုသို့ မရှိခဲ့သလို နောင်တွင်လည်း မည်သည့်နိုင်ငံကိုမျှ ၎င်း၏နျူကလီးယားလက်နက်လွှဲပြောင်းပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားတွင် စာရင်းသွင်းထားသော စစ်မှုထမ်း ၃ သိန်းအနက် ၁၅၀,၀၀၀ သည် ရုရှား၏ ယူကရိန်းအထူးစစ်ဆင်ရေးတွင် စီမံထားကြောင်း ၊ ၎င်းတို့အနက် ၇၇,၀၀၀ ခန့်သည် စစ်ဆင်ရေးတပ်များ ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ ကျန်တပ်ဖွဲ့ဝင်များမှာ ဒုတိယတန်းနှင့်တတိယတန်းတပ်ဖွဲ့ သို့မဟုတ် ဒေသကာကွယ်ရေးတာဝန်ထမ်းဆောင်သူ သို့မဟုတ် အခြားလေ့ကျင့်ရေးတွင်ပါဝင်နေသူများဖြစ်ပြီး အခြားသော တပ်ဖွဲ့ဝင် ၁၅၀,၀၀၀ မှာ အထူးစစ်ဆင်ရေး နယ်မြေသို့ စေလွှတ်ထားခြင်းမရှိဘဲ လေ့ကျင့်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း ၊ လက်ရှိ ရုရှားအနေဖြင့် စည်းရုံးလှုံ့ဆော်မှုများ ထပ်မံလုပ်ဆောင်ရန် မလိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

………………………………………………

(Chinese Version)
(国际)普京:俄罗斯不会首先使用核武器

正文:
【解说】俄罗斯总统普京7日说,俄罗斯不会首先使用核武器,只是将其视作一种防御方式和反击手段。
普京当天以视频形式召开公民社会和人权发展委员会年度会议时表示,核战争威胁正在增加。俄罗斯将使用大规模杀伤性武器和核武器视作一种防御手段,即只有在自身受到打击的情况下才会予以还击。
普京强调,俄罗斯没有失去理智,不会在世界各地“挥舞核武大棒”,而是将核武器作为防止冲突扩大的威慑性因素。他说,与美国不同,俄未在其他国家部署战术核武器。俄以前没有、以后也不会向任何国家转让其核武器。
普京还表示,俄方30万名应征入伍人员中有15万人部署在俄对乌特别军事行动区域,其中约7.7万人进入作战部队。其余人员在二、三线部队当中,或承担地方防御任务,或额外受训。其余15万人并未被派往特别军事行动区域,仍在接受培训。他说,现在俄罗斯没有必要进行额外动员。
新华社记者孟菁、耿鹏宇、赵冰 俄罗斯莫斯科报道。(完)