Connect with us

Media

တရုတ်မဟာဓါတ်အားလိုင်းကုမ္ပဏီ၏အကျိုးကျေးဇူးကြောင့် တရုတ်-လာအို ရထားလမ်း စဉ်ဆက်မပြတ် ပုံမှန် လည်ပတ်လျက်ရှိ

ယူနန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်း အဆင်ပြေချောမွေ့စွာ ပြေးဆွဲနေသည်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ရထားလမ်းဖွင့်လှစ်ကတည်းက ဖြစ်သည်။ လျှပ်စစ်ရထားလမ်းအတွက် တရုတ်မဟာဓါတ်အားလိုင်း ကုမ္ပဏီ၏ မရှိမဖြစ် လိုအပ်သော အခန်းကဏ္ဍကို လေ့လာကြည့်ရအောင်…

ယူနန်ပြည်နယ်
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း
တရုတ်-လာအို ရထားလမ်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် စတင်ပြေးဆွဲခဲ့ရာ တစ်နှစ်ကျော် ရှိပြီ ဖြစ်သည်။ တစ်နှစ်တာကာလအတွင်း China Southern Power Grid ၏ ပံ့ပိုးမှုကြောင့် လျှပ်စစ် လူတင်ရထားနှင့် ကုန်တင်ရထား ပြေးဆွဲမှုများ အဆင်ပြေချောမွေ့ခဲ့သည်။

လျှပ်စစ်ဓါတ်အားလိုင်းဝန်ထမ်းများက ရထားလမ်းတစ်လျှောက် ဘူတာရုံများနှင့်ဓါတ်အားခွဲရုံ စက်ပစ္စည်းများကို စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းကုမ္ပဏီ၏ “manual+intelligent” လှည့်လည်စစ်ဆေးရေးစနစ်က လျှပ်စစ်ဓါတ်အားလိုင်းယူနစ်တစ်ခုစီတိုင်းကို အချိန်နှင့်တစ်ပြေးညီ အဝေးမှ စစ်ဆေးကြည့်ရှုနိုင်ကြောင်း သိရသည်။

ကီလိုမီတာ ၁,၀၀၀ ကျော် ရှည်လျားသည့် တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့နှင့် လာအိုနိုင်ငံ၏ မြို့တော် ဗီယင်ကျန်းကို ချိတ်ဆက်ထားခြင်း ဖြစ်သည်။ (Xinhua)

…………………………….
(English Version)
GLOBALink | China-Laos Railway running like clockwork thanks to power grid company
The China-Laos Railway has been running smoothly since opening in December 2021. Check out the video to see the indispensable role the Chinese power grid company has played in supporting the electrified railway…
Produced by Xinhua Global Service■

Yunnan,
Southwest China
It has been over a year since the China-Laos Railway began operations on Dec.3,2021. One year on the electrified passenger and cargo railway is operating smoothly with support from China Southern Power Grid.
Power workers have carried out maintenance for facilities at stations and traction substations along the railway.
The company’s “manual+intelligent” routing inspection system can remotely monitor each and every power unit in real time.
The China-Laos Railway stretches over 1,000 km, linking Kunming, the capital of Yunnan Province, with the Lao capital Vientiane.