Connect with us

Media

မြန်မာနိုင်ငံသည် ဧပြီလမှ စက်တင်ဘာလအတွင်း နိုင်ငံခြားကုန်သွယ်မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကျော်ရရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ပထမ ၆ လအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၅.၉၈ ဘီလီယံ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၁၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ကိန်းဂဏန်းသည် ယမန်နှစ်ကုန်သွယ်မှုမှရရှိသည့် ဝင်ငေွ အမေရိကန်ဒေါ်လာ ၁၆.၉၈ ဘီလီယံကျော်နှင့် နှိုင်းယှဉ်ပါက နိုင်ငံခြားကုန်သွယ်မှု အနည်းငယ် ကျဆင်းခဲ့ကြောင်း သိရသည်။ယခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၉ ရက်အထိ မြန်မာနိုင်ငံသည် ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇.၅၈ ဘီလီယံကျော် ဝင်ငွေရရှိခဲ့ပြီး သွင်းကုန်တင်သွင်းမှုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈.၄ ဘီလီယံကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။

အဆိုပါ ကာလအတွင်း စက်မှုကုန်ချောပစ္စည်း တင်ပို့မှုမှာ ဝင်ငွေအမေရိကန်ဒေါ်လာ ၄.၈၃ ဘီလီယံကျော်ဖြင့် ပို့ကုန်တင်ပို့မှုတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသလို လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၅၇ ဘီလီယံရှိပြီး ဒုတိယအများဆုံးအဖြစ်ရပ်တည်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပင်လယ်ရေကြောင်းကုန်သွယ်မှု စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁၁.၂၄ ဘီလီယံကျော်ရှိပြီး နယ်စပ်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၄.၇၃ ဘီလီယံရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများတွင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)

 

 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117