Connect with us

Media

ထိုင်းအောက်လွှတ်တော်အား အထွေထွေရွေးကောက်ပွဲမတိုင်မီ တရားဝင်ဖျက်သိမ်း

ဘန်ကောက် ၊ မတ် ၂၁ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံက အောက်လွှတ်တော်အား တရားဝင်ဖျက်သိမ်းလိုက်ကြောင်း မတ် ၂၀ ရက်တွင် ကြေညာခဲ့ပြီး နှစ်လအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပရေးအတွက် လမ်းဖွင့်ပေးထားကြောင်း တော်ဝင်အမိန့်အရ သိရသည်။

ထိုင်းဘုရင်ထံသို့ ဝန်ကြီးချုပ်က အောက်လွှတ်တော်သည် ၂၀၁၉ ခုနှစ်မှစတင်ကာ တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ဖြစ်ကြောင်း အကြောင်းကြားခဲ့သဖြင့် လွှတ်တော်ကိုယ်စားလှယ်များအတွက် အထွေထွေရွေးကောက်ပွဲအသစ် ကျင်းပရေး လွတ်တော်အား ဖျက်သိမ်းရန် သင့်လျှော်ကြောင်း တော်ဝင်အတည်ပြုထောက်ခံချက်ပြုထားသည့် တော်ဝင်အမိန့်တွင် ရေးသားခဲ့သည်။

အောက်လွှတ်တော် ကိုယ်စားလှယ် ၅၀၀ ဦးအတွက် အထွေထွေရွေးကောက်ပွဲအား အစောဆုံး ၄၅ ရက် သို့မဟုတ် နောက်အကျဆုံး မတ် ၂၀ ရက်မှစတင်ကာ ရက်ပေါင်း ၆၀ အတွင်း ကျင်းပရမည် ဖြစ်ကြောင်း တော်ဝင်ထိုင်းအစိုးရဂေဇက် ဝဘ်ဆိုဒ်စာမျက်နှာပေါ်တွင် ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

အောက်လွှတ်တော်ကို ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် ဖွဲ့စည်းခဲ့ပြီး လေးနှစ်ကြာသက်တမ်းသည် မတ် ၂၃ ရက်တွင် ပြီးဆုံးမည် ဖြစ်သည်။ (Xinhua)

……………………………………
(English Version)
Thai House of Representatives dissolved ahead of general election
Thailand announced on Monday that the House of Representatives has been dissolved, paving the way for a general election within two months, according to a royal decree.
As the prime minister informed the King that the House of Representatives has been performing its duties since 2019. It is expedient to dissolve the House of Representatives to hold a new general election of members of the House of Representatives, wrote the royal decree, which has been royally endorsed.
The general election of the 500-member House of Representatives will be held earliest in 45 days or latest in 60 days from Monday, according to the announcement released on the royal Thai government gazette website.
The House of Representatives was formed after the 2019 general election, with its four-year term scheduled to end on March 23.
Xinhua News Agency correspondents reporting from Bangkok.
(XHTV)