Connect with us

Media

တရုတ်နိုင်ငံက အီကွေဒေါ နဂါးမောက်သီးများ ပထမဆုံးအကြိမ် တင်သွင်း

ရှန်ဟိုင်း ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

ရှန်ဟိုင်းမြို့သို့ ဧပြီ ၁၀ ရက်တွင် အဝါရောင်နဂါးမောက်သီး ၄၂၀ ကီလိုဂရမ် ရောက်ရှိလာခြင်းဖြင့် တရုတ်နိုင်ငံက အီကွေဒေါနိုင်ငံမှ နဂါးမောက်သီးများအား ပထမဆုံးအကြိမ် တင်သွင်းခဲ့ကြောင်း သိရသည်။

ယင်းနဂါးမောက်သီးများအား ကတ်ထူပုံး ၁၆၈ ပုံးဖြင့် ထုပ်ပိုးထားပြီး ကတ်ထူပုံးတစ်ပုံးလျှင် ၂.၅ ကီလိုဂရမ်အလေးချိန် ရှိသည်။ အီကွေဒေါနိုင်ငံ မြို့တော် Quito မြို့မှ လေကြောင်းဖြင့် သုံးရက်ကြာ ပျံသန်းပြီးနောက် ရှန်ဟိုင်းမြို့သို့ ရောက်ရှိလာခဲ့ကြောင်း ရှန်ဟိုင်း ဖူတုန်းနိုင်ငံတကာလေဆိပ်ရှိ အကောက်ခွန်တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ ယင်းရှားပါးသီးနှံများအတွက် အကောက်ခွန် ရှင်းလင်းရေး လျင်မြန်စေရန် အစိမ်းရောင်လမ်းကြောင်း ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဝါရောင် နဂါးမောက်သီးသည် နဂါးမောက်သီးနှင့် ဆင်တူသော်လည်း အရသာပို၍ချိုကြောင်း သိရသည်။ ယင်းသီးနှံသည် အာဟာရတန်ဖိုးမြင့်မားပြီး ပုံမှန်တင်သွင်းနေသည့် နဂါးမောက်သီးများထက် အဆပေါင်းများစွာ ကုန်ကျစရိတ်ရှိကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် တရုတ်နိုင်ငံ အကောက်ခွန်ဌာနက သက်ဆိုင်ရာလိုအပ်ချက်များနှင့် ကိုက်ညီသော အီကွေဒေါ နဂါးမောက်သီးများ တင်သွင်းခြင်းအား တရားဝင်ခွင့်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………
(English Version)
China imports Ecuadorian pitaya for first time
China has imported pitaya from Ecuador for the first time, with 420 kilograms of yellow pitaya arriving in Shanghai on Monday.
The batch of pitaya was packed into 168 cartons, each weighing 2.5 kilograms, and it arrived in Shanghai after a three-day flight from Quito, the capital of Ecuador, according to customs authorities at Shanghai Pudong International Airport, which has opened a green channel for these rare fruits to ensure rapid customs clearance.
Yellow pitaya is similar to dragon fruit but sweeter. It has a high nutritional value and its cost is several times that of standard imported dragon fruit.
In July 2022, China’s General Administration of Customs officially allowed the import of Ecuadorian pitaya that meets relevant requirements.
Xinhua News Agency correspondents reporting from Shanghai, China.
(XHTV)