Connect with us

Media

ကမ္ဘောဒီးယားတွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲအတွက် မီးရှူးတိုင် ရန်ကုန်တွင် လက်ဆင့်ကမ်းသယ်ဆောင်

ရန်ကုန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၃၂) ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲအတွက် မီးရှူးတိုင်လက်ဆင့်ကမ်းသယ်ဆောင်မှုကို မတ် ၂၂ ရက်တွင် စတင်ခဲ့ကာ ရန်ကုန်မြို့သို့ ဧပြီ ၁၉ ရက်မှာ ရောက်ရှိခဲ့ကြောင်း သိရသည်။
မီးရှူးတိုင်လက်ဆင့်ကမ်း သယ်ဆောင်မှုကို ဧပြီ ၂၁ ရက် နံနက်ပိုင်း၌ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်တွင် ကျင်းပခဲ့သည်။ အဆိုပါ မီးရှူးတိုင်ကို ဗီယက်နမ် ၊ ဖိလစ်ပိုင် ၊ ဘရူနိုင်း ၊ အင်ဒိုနီးရှား ၊ တီမော ၊ မလေးရှား ၊ စင်္ကာပူ ၊ ထိုင်း ၊ မြန်မာ နှင့် လာအို နိုင်ငံတို့အပါအဝင် အရှေ့တောင်အာရှနိုင်ငံများသို့ လှည့်လည်သယ်ဆောင်နေတာ ဖြစ်ပြီး ဧပြီ ၂၇ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.