Connect with us

Media

ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် မြန်မာ-တရုတ် စီးပွားရေးဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ မေ ၂၇ ရက် (ဆင်ဟွာ)

နှစ်နိုင်ငံ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန် မြန်မာ-တရုတ် စီးပွားရေးကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ ကို မေ ၂၆ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ စီးပွားရေး သံမှူးMr.Tan Shufu က တရုတ်နှင့် မြန်မာနိုင်ငံသည် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုရှိပြီး နှစ်နိုင်ငံ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်သွားရန်ရှိကြောင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၏ ထိပ်တန်းနိုင်ငံခြားရင်းနှီးမြှုပ်နှံသည့်နိုင်ငံများထဲမှာ တစ်ခုဖြစ်သလို မြန်မာနိုင်ငံ၏ အကြီးမားဆုံး ပို့ကုန်တင်ပို့ရသည့်ဈေးကွက်လည်းဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ထုတ်လုပ်မှုနှင့် ဖလှယ်ရေးစသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံအတွက် အခွင့်အလမ်းများစွာရှိကြောင်းလည်း ၎င်းက ဆိုသည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များ၊ ပုဂ္ဂလိက ကုမ္ပဏီများက စီးပွားရေးဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)