Connect with us

Media

မြန်မာ – တရုတ် နယ်စပ်စီးပွားရေးကုန်စည်ပြပွဲ နေပြည်တော်တွင် ကျင်းပ

နေပြည်တော်၊ မေ ၂၇ ရက် (ဆင်ဟွာ)

စတုတ္ထအကြိမ်မြောက် မြန်မာ (လားရှိုး) နှင့် တရုတ် (လင်ချန်း) နယ်စပ်စီးပွားရေးကုန်စည်ပြပွဲကို နေပြည်တော်တွင် မေ ၂၅ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲဟုလည်း လူသိများသော နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲသည် မြန်မာနိုင်ငံ စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ မြန်မာ့ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ နှင့်တရုတ်နိုင်ငံ လင်ချန်းမြို့ အစိုးရတို့ ပူးပေါင်းကျင်းပသည့် ကုန်စည်ပြပွဲဖြစ်ပြီး မေလ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ အသင်းအဖွဲ့ သို့မဟုတ် လုပ်ငန်းပေါင်း ၆၀မှ ဆိုင်ခန်းပေါင်း ၇၀ ခန့် ပါဝင်ပြသခဲ့ပြီး ဒေသထွက် အစားအစာများ၊ အမှတ်တရပစ္စည်းများ၊ ကျောက်မျက်ရတနာများ၊ လက်ဖက်၊ ကော်ဖီ၊ စိုက်ပျိုးရေးထွက်ကုန်များ၊ သစ်အချောထည်ပစ္စည်းများနှင့် ခရီးသွားဝန်ဆောင်မှုများ အပါအဝင် ကုန်ပစ္စည်းများကို ခင်းကျင်းပြသထားသည်။
တရုတ်စီးပွားရေးလုပ်ငန်းပေါင်း ၇၀ ကျော်က ဆိုင်ခန်းပေါင်း ၄၀ ဖြင့် အစားအသောက်များ၊ နေရောင်ခြည်သုံးပစ္စည်းများ၊ အဝတ်အထည်၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် အလှကုန်များကို ပြသထားသည်။ (Xinhua)