Connect with us

Media

တရုတ်နိုင်ငံထုတ် Tesla မော်တော်ယာဉ်များ တောင်ကိုရီးယားနိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့

ရှန်ဟိုင်း၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

Tesla Shanghai Gigafactory ကုမ္ပဏီ၏ Model Y (Rear-Wheel Drive) ကားမော်ဒယ်ကို မကြာသေးမီက တောင်ကိုရီးယားနိုင်ငံသို့ စတင်ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းမှာ တရုတ်နိုင်ငံထုတ် Tesla မော်တော်ယာဉ်များအား ပထမဆုံးအဖြစ် တောင်ကိုရီးယားဈေးကွက်သို့ ဝင်ရောက်ခြင်း အထိမ်းအမှတ်လည်းဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

ယခင်က တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့သော Tesla မော်တော်ယာဉ်များကို အမေရိကန်နိုင်ငံရှိ Fremont စက်ရုံမှ ထုတ်လုပ်ထားခြင်းဖြစ်သည်။
ရှန်ဟိုင်းစက်ရုံသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း ကမ္ဘာတစ်ဝန်းသို့ မော်တော်ယာဉ်တင်ပို့မှုပမာဏမှာ အစီးရေ ၄၇၆,၅၀၀ ရှိပြီဖြစ်ကြောင်း၊ ယင်းပမာဏမှာ ယမန်နှစ် အလားတူကာလ တင်ပို့မှုပမာဏစုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်ရှိခဲ့သည်။ လက်ရှိတွင် အဆိုပါ စက်ရုံ၌ စက္ကန့် ၄၀ ပင်မကြာသည့်အချိန်တိုအတွင်း ကားတစ်စီး ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရှန်ဟိုင်းစက်ရုံအနေဖြင့် ယခုနှစ်ဆန်းပိုင်းက ပထမဆုံးအကြိမ် ထိုင်းနိုင်ငံသို့ မော်တော်ယာဉ်များ တင်ပို့ခဲ့သည်။ ထိုစက်ရုံ၌ ထုတ်လုပ်သော Model 3 နှင့် Model Y အပါအဝင် ကားမော်ဒယ်များကို ယခုနှစ်ဆန်းပိုင်းမှစ၍ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီအရ သိရသည်။

တရုတ်မော်တော်ယာဉ်ထုတ်လုပ်သူများအသင်း (CAAM) မှ အချက်အလက်များအရ ယခုနှစ် ပထမခြောက်လအတွင်း တရုတ်နိုင်ငံက စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်အစီးရေ ၅၃၄,၀၀၀ တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၁၆၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………..
(English Version)
Made-in-China Tesla vehicles exported to ROK for first time
SHANGHAI, July 24 (Xinhua) — The Tesla Shanghai Gigafactory began to export its car model, Model Y (Rear-Wheel Drive), to the Republic of Korea (ROK) recently, marking the first time for the Tesla vehicles made in China to enter the ROK market, said the company.
Previously, Tesla vehicles exported to the ROK were produced in its Fremont factory in the United States.
The Shanghai plant recorded a global delivery volume of 476,500 vehicles in the first half (H1) of this year, which is equivalent to about two-thirds of its total delivery volume last year. Currently, a vehicle can be rolled off the production line in less than 40 seconds in the plant.
Besides, the Shanghai factory exported vehicles to Thailand for the first time earlier this year. Car models, including Model 3 and Model Y, made in the factory, have been delivered to Thailand since the beginning of this year, according to the company.
Data from the China Association of Automobile Manufacturers (CAAM) shows that in the first six months of this year, China exported 534,000 units of new energy vehicles, surging 160 percent year on year.