Connect with us

Media

မိုက်ကျီးဆန်းတောင် ကျောက်လိုဏ်ဂူတွင် ခရီးသွားများအတွက် အရေးပေါ် လမ်းကြောင်းသစ် ထပ်မံဖွင့်လှစ်

ထျန်းရွှေ၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)

နွေရာသီ အားလပ်ရက် ကာလတွင် တရုတ်နိုင်ငံ ကန်းစုပြည်နယ် ထျန်းရွှေမြို့ မိုက်ကျီးခရိုင်ရှိ မိုက်ကျီးဆန်းတောင် ကျောက်လိုဏ်ဂူတွင် ခရီးသွားများဖြင့် စည်ကားခဲ့သည်။

ခရီးသွားများနှင့် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ၏ လုံခြုံရေးအတွက် မိုက်ကျီးဆန်းတောင် ကျောက်လိုဏ်ဂူ အနုပညာ သုတေသနဌာနက ခရီးသွားလမ်းကြောင်းကို ပိုမိုကောင်းမွန်အောင် မတ်စောက်သည့် အရေးပေါ် အမှတ်(၁)လမ်းကြောင်းနှင့် ပြေပြစ်သည့် အရေးပေါ် အမှတ်(၂) လမ်းကြောင်း ၂ ခုကို ခရီးသွားများ ပို၍ကောင်းမွန်စွာ လည်ပတ်ခံစားကြည့်ရှုနိုင်ရန် ဆောင်ရွက်ခဲ့ရာတွင် ဇူလိုင် ၂၉ ရက်မှ ဩဂုတ် ၂၅ ရက် အတွင်း ဖွင့်လှစ်ခဲ့သည်။

မိုက်ကျီးဆန်းတောင် ကျောက်လိုဏ်ဂူသည် “တရုတ်နိုင်ငံ၏ ကျောက်လိုဏ်ဂူကြီး ၄ ခု”တွင် တစ်ခုအပါအဝင်ဖြစ်ရာ ဂျုံကောက်ရိုးပုံနှင့်တူသောကြောင့် “မိုက်ကျီး”(ဂျုံကောက်ရိုးပုံ)ဟု အမည်တွင်ခြင်း ဖြစ်သည်။ ယင်းနေရာသည် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော “ပိုးလမ်းမရှိ ချန်အန်း-ထျန်းဆန်းစင်္ကြံလမ်းကွန်ရက်”၏ ရှေးဟောင်းအမွေအနှစ်နေရာတစ်ခုလည်း ဖြစ်သည်။ (Xinhua)

……………………………
(Chinese Version)
麦积山石窟开启应急参观线路提升游客体验
进入暑期,地处甘肃省天水市麦积区的麦积山石窟迎来旅游高峰。为保障游客与文物安全,麦积山石窟艺术研究所优化参观路线,从7月29日起至8月25日间开启路线陡峭的应急1号线和路线平缓的应急2号线两条参观线路供游客选择,以此提升游客体验。麦积山石窟是“中国四大石窟”之一,因其形似麦垛而得名,也是世界文化遗产“丝绸之路:长安-天山廊道的路网”的遗产点之一。