Connect with us

Media

ကမ္ဘောဒီးယား-တရုတ် သံတမန်ဆက်ဆံရေး ၆၅ နှစ်ပြည့်အထိမ်းအမှတ် ယဉ်ကျေးမှုပြပွဲ ပူးတွဲကျင်းပ

ဖနွမ်းပင် ၊ ဩဂုတ် ၃၀ ရက်(ဆင်ဟွာ)

ကမ္ဘာဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်၌ ကမ္ဘောဒီးယား-တရုတ် သံတမန်ဆက်ဆံရေး ၆၅ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ပူးတွဲယဉ်ကျေးမှုပြပွဲတစ်ရပ်အား ဩဂုတ် ၂၈ ရက်ညပိုင်းတွင် ကျင်းပခဲ့ရာ ဧည့်ပရိသတ် ထောင်ပေါင်းများစွာကို ဆွဲဆောင်ခဲ့ကြောင်း သိရသည်။

ယင်းပြပွဲတွင် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှ တရုတ်အနုပညာရှင်အဖွဲ့တစ်ဖွဲ့ နှင့် ကမ္ဘောဒီးယားနိုင်ငံ ယဉ်ကျေးမှုနှင့်အနုပညာဝန်ကြီးဌာနမှ အနုပညာရှင်အဖွဲ့တစ်ဖွဲ့တို့က ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………
(English Version)
Joint cultural show held to celebrate 65th anniversary of Cambodia-China diplomatic ties
A joint cultural show was held Monday night in the Cambodian capital of Phnom Penh to celebrate the 65th anniversary of the Cambodia-China diplomatic relations, attracting thousands of spectators.
The event was performed by a troupe of Chinese artists from southwest China’s Yunnan Province and a team of Cambodian artists from the Ministry of Culture and Fine Arts.
Xinhua News Agency correspondents reporting from Phnom Penh.(XHTV)