Connect with us

Media

အောကပ်စ်နျူကလီးယားရေငုပ်သင်္ဘောသဘောတူညီချက်က ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအတွက် အန္တရာယ်ဖြစ်ပေါ်စေဟု ပညာရှင်အဖွဲ့အစီရင်ခံစာတွင် ဖော်ပြ

ဗီယင်နာ ၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)

အောကပ်စ်(AUKUS)နျူကလီးယားရေငုပ်သင်္ဘောသဘောတူညီချက်သည် ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအတွက် ပြင်းထန်သောအန္တရာယ် ဖြစ်ပေါ်စေကြောင်း တရုတ် နှင့် ရုရှား ပညာရှင်အဖွဲ့က ဩဂုတ် ၂ ရက်တွင် ပူးတွဲထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။

“အောကပ်စ်ရေငုပ်သင်္ဘောသဘောတူညီချက်-နျူကလီးယားမပြန့်ပွားရေးစနစ် နှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အတွက် အန္တရာယ်များ”ဟု အမည်ပေးထားသည့် အစီရင်ခံစာအား တရုတ်နိုင်ငံ လက်နက်ထိန်းချုပ်ရေး နှင့် လက်နက်ဖျက်သိမ်းရေးအဖွဲ့ နှင့် ရုရှားနိုင်ငံ စွမ်းအင် နှင့် လုံခြုံရေး လေ့လာမှု စင်တာက ထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ကြေညာခဲ့သည့် သုံးနိုင်ငံ အောကပ်စ်မဟာမိတ်အရ ဩစတြေးလျနိုင်ငံသည် အမေရိကန်နိုင်ငံ နှင့် ဗြိတိန်နိုင်ငံတို့က ထောက်ပံ့သည့် နည်းပညာဖြင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ တည်ဆောက်နိုင်ကြောင်း သိရသည်။
အောကပ်စ်သဘောတူညီချက်တွင် နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသည့် အမေရိကန်နိုင်ငံ နှင့် ဗြိတိန်နိုင်ငံတို့က နျူကလီးယားလက်နက်မရှိသည့် ဩစတြေးလျနိုင်ငံအား နျူကလီးယားလက်နက်ထုတ်လုပ်နိုင်စွမ်း ရှိသော ယူရေနီယံ လေးတန်အထိ လွှဲပြောင်းပေးအပ်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)

…………………………………..
(English Version)
AUKUS nuclear submarine deal poses risk to global security: think tank report
The AUKUS nuclear submarine deal poses a serious risk to regional and global security, according to a joint report released on Wednesday by a Chinese and a Russian think tank at a seminar here.
The report, called “The AUKUS submarine deal: risks for the nuclear non-proliferation regime and global security”, was published by the China Arms Control and Disarmament Association and Russia’s Center for Energy and Security Studies.
Under the trilateral AUKUS alliance, announced in September 2021, Australia can build nuclear-powered submarines with technology provided by the United States and the United Kingdom.
The AUKUS deal involves the transfer of up to four tons of weapons-grade highly enriched uranium from the United States and Britain, two nuclear-weapon states, to Australia, a non-nuclear-weapon state.
Xinhua News Agency correspondents reporting from Vienna.(XHTV)