Connect with us

Videos

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိ ယာဉ်မတော်ဆမှုများကြောင့် လူ ၈၂ ဦးသေဆုံးခဲ့ပြီး အခြားသူ ၃၀၁ ဦးထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက် မှ နိုဝင်ဘာလကုန်အထိ ယာဉ်မတော်ဆမှုပေါင်း ၁၅၁ မှုဖြစ်ပွားခဲ့ပြီး အဆိုပါမတော်တဆမှုများကြောင့် လူ ၈၂ ဦးသေဆုံးခဲ့ပြီး အခြားသူ ၃၀၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးမျိုးလင်းသန့်က ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၁၂ ရက်တွင်ပြောသည်။

ဒုရဲမှူး မျိုးလင်းသန့်က “အဲဒီယာဉ်မတော်တဆမှုတွေကြောင့် အမျိုးသား ၁၆၇ ဦး၊ အမျိုးသမီး ၁၃၄ ဦး စုစုပေါင်း ၃၀၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အမျိုးသား ၅၈ ဦး၊ အမျိုးသမီး ၂၄ ဦး စုစုပေါင်း ၈၂ ဦး သေဆုံးခဲ့ပါတယ်” ဟုပြောသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုပေါင်း ၁၆ မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသား ၄ ဦး သေဆုံးခဲ့ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုများကြောင့် ကျပ်သိန်းပေါင်း ၄,၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။“ယာဉ်မတော်တဆမှုတွ အဓိက ဖြစ်ပွားရတာက ယာဉ်မောင်းရဲ့ မဆင်မခြင်မောင်းနှင်မှုကြောင့် ဖြစ်တာများပါတယ်။ ဇန်နဝါရီ ၁ ရက်ကနေ နိုဝင်ဘာလကုန်အထိ ယာဉ်ကြောင့်ဖြစ်တဲ့ ဘီးပေါက်တဲ့ မတော်တဆမှုက စုစုပေါင်းမှ ၁၅ မှုပဲရှိပါတယ်။ မော်တော်ယာဉ်မောင်းနှင်သူတွေက ပူးပေါင်းပါဝင်မှ ယာဉ်မတော်တဆမှု လျော့နည်းကျဆင်းမှာဖြစ်ပါတယ်” ဟု ဒုရဲမှူးမျိုးလင်းသန့်က ဖြည့်စွက်ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.