Media
တရုတ်နိုင်ငံက အာတိတ် king crab ကဏန်းအရှင်များကို ကုန်းလမ်းဖြင့် ပထမဆုံးအကြိမ် တင်သွင်း
ဝူးလူမုချီ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကျီမုနိုင် (Jeminay) နယ်စပ်ဂိတ်က အာတိတ်သမုဒ္ဒရာမှ king crab ကဏန်းအရှင် တန်ချိန် ၂၀ အား အောက်တိုဘာ ၃၀ ရက်က ကိုင်တွယ် ဆောင်ရွက်ခဲ့သည်။ ယင်းမှာ အာတိတ်သမုဒ္ဒရာမှ ရေနေသတ္တဝါအရှင်များကို တရုတ်နိုင်ငံသို့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဖြင့် စတင်တင်သွင်းမှု ဖြစ်ကြောင်း သိရသည်။
ကျီမုနိုင်နယ်စပ်ဂိတ်၌ တရုတ်နိုင်ငံသို့ ဝင်ရောက်လာသည့် ရေနေသတ္တဝါများအတွက် အစားအစာဆိုင်ရာ သတ်မှတ်ကြီးကြပ်ရေးနေရာမှာ အောက်တိုဘာ ၁၀ ရက်မှစ၍ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
အကောက်ခွန်ရုံး ဒုတိယကော်မရှင်နာ Yu Yongjie က ၎င်းတို့အနေဖြင့် အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းစဉ်များအား ကျယ်ကျယ်ပြန့်ပြန့် စီစဉ်ဆောင်ရွက်ထားသည့်အပြင် ယခု king crab ကဏန်းအရှင် ဘေးကင်းစိတ်ချရပြီး အချိန်တိုအတွင်း ကုန်စည်ထုတ်ယူနိုင်ရေးအတွက် အထူးစီစဉ် ဆောင်ရွက်ထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………………
(English Version)
China imports Arctic live king crabs by land for 1st time
The Jeminay Port in northwest China’s Xinjiang Uygur Autonomous Region handled 20 tonnes of live king crabs from the Arctic Ocean on Wednesday. This marks the inaugural importation of live aquatic animals from the Arctic Ocean to China by land transportation.
The designated supervision site for aquatic animals entering China for food at Jeminay Port has been in operation since Oct. 10.
Yu Yongjie, deputy commissioner of customs, said that they comprehensively sorted out the customs clearance process as well as customized plans to ensure the safe and efficient clearance of this batch of live king crabs.
Xinhua News Agency correspondents reporting from Urumqi, China. (XHTV)