Connect with us

Media

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၇ ထပ်ဆောင်အသစ်တွင် အကုန်အကျသက်သာစွာ ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်တော့မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ထပ်မံဖွင့်လှစ်တိုးချဲ့မည့် အဆင့်မြင့် ၇ ထပ်ဆောင် ခုတင် ၄၀၀ ဆံ့ ဆေးရုံကြီး၌ ရန်ကုန်တိုင်းဒေသကြီးသာမက အနယ်နယ်အရပ်ရပ်မှ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို အကုန်အကျသက်သာစွာ ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါဆေးရုံသစ်ကြီးတွင်ဓာတ်မှန်ခန်း ၆ ခန်း နှင့် ကွန်ပျူတာ ဓာတ်မှန်ခန်း ၂ ခန်းပါဝင်သည့်အဆောင်များ၊ ဓာတ်ခွဲခန်း အဆောင်များ၊ ဖျားနာကုသဆောင်များ၊ သွေးရောဂါကုသဆောင်များ၊ ရိုးတွင်းခြင်ဆီ အစားထိုး ကုသဆောင်များ၊ အမျိုးသား အမျိုးသမီးလူနာဆောင်များ၊ သီးသန့် လူနာခန်းများပါဝင်သည့်အဆောင်များ၊ တာဝန်ကျ ဆရာဝန်၊ ဆရာမများ၊ သူနာပြုများ နားနေခန်းများနှင့် အခြားအထွေထွေရာဂါ ကုသအဆောင်များ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့် (၇) ထပ်ဆောင်ကို နိုင်ငံတော်မှငွေကျပ် ၂၁.၈၉၇ ဘီလီယံ အကုန်ကျခံဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၈ ခုနှစ် မေ ၂၇ ရက်မှ စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)