Connect with us

Media

တရုတ်နိုင်ငံ ZTE ကုမ္ပဏီက 5G+AI မျက်မှန်လွတ် 3D တက်ဘလက်အား ထုတ်ဖော်ပြသ

ဘာစီလိုနာ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နည်းပညာကုမ္ပဏီ ZTE က စပိန်နိုင်ငံ ဘာစီလိုနာမြို့၌ ကျင်းပနေသည့် ကမ္ဘာလုံးဆိုင်ရာ မိုဘိုင်းညီလာခံ (MWC)တွင် nubia Pad 3D II အား ထုတ်ဖော်ပြသခဲ့သည်။

ယင်းမှာ ကမ္ဘာ့ပထမဆုံး 5G+AI မျက်မှန်လွတ် 3D တက်ဘလက်များအနက် တစ်မျိုး ဖြစ်ကြောင်း သိရသည်။
“ဒီတက်ဘလက်က 5G ပံ့ပိုးပေးထားတာကြောင့် ဘယ်အချိန် ၊ ဘယ်နေရာမှာမဆို 3D ကို တွေ့ကြုံခံစားရနိုင်ပါတယ်။ ဘယ်လို 2D အကြောင်းအရာမျိုးကိုမဆို အချိန်နဲ့တပြေးညီ 3D အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ ဒါ့အပြင် 2D တက်ဘလက်ကို 3D တက်ဘလက်အဖြစ် ပြောင်းလဲဖို့ ကျွန်တော်တို့ရဲ့ သီးသန့် အမြင်အားကောင်းလာစေတဲ့ပုံစံ ထည့်သွင်းထားပါတယ်။ ဒါက အရမ်းခေတ်မီတဲ့ နည်းပညာတစ်ခုလို့ ထင်ပါတယ်” ဟု ZTE ၏ အကြီးတန်းဒုတိယဥက္ကဋ္ဌနှင့် ZTE Mobile Devices ၏ ဥက္ကဋ္ဌ ဖြစ်သူ NI FEI က ပြောကြားခဲ့သည်။ (Xinhua)

……………………………
(English Version)
China’s ZTE unveils 5G+AI eyewear-free 3D tablet
Chinese technology company ZTE unveiled nubia Pad 3D II at the ongoing Mobile World Congress (MWC) in Barcelona.
It’s one of the world’s first 5G+AI eyewear-free 3D tablet.
SOUNDBITE (English): NI FEI, Senior Vice President of ZTE and President of ZTE Mobile Devices
“It supports 5G which means you can experience 3D anytime and anywhere. It can convert any 2D content to 3D content in real time. Also, we have our dedicated optical design to make this 2D tablet come into a 3D tablet, I think it’s a very cutting-edge technology.”
Xinhua News Agency correspondents reporting from Barcelona, Spain.(XHTV)