Connect with us

Media

မြန်မာနိုင်ငံ အောင်လံမြို့နယ်အတွင်း သီဟိုဠ်ပင်များစိုက်ပျိုးအောင်မြင်ပြီး သီဟိုဠ်စေ့အထွက်နှုန်းကောင်း

အောင်လံ၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး အောင်လံမြို့ ပြလို့ကျေးရွာ၊ စမ်းကလေးကျေးရွာ၊ မိုးကောင်းကျေးရွာ၊ သမ္ဘူလကျေးရွာများတွင် သီဟိုဠ်ပင်စတင်စမ်းသပ်စိုက်ပျိုးနေကြရာ အောင်မြင်လျက်ရှိကြောင်း သိရသည်။
သီဟိုဠ်မျိုးစေ့ကဒေသမျိုးဖြစ်ပြီး အစေ့အသန့်ကို တိုက်ရိုက်စိုက်ပျိုးကြကာ ယခုနှစ်တွင် အသီးအဆန်အထွက်နှုန်းပိုကောင်းကြောင်း၊ သီဟိုဠ်တစ်ဧကလျှင် အပင်၉၀ ကျော်မှ ၁၀၀ အထိ စိုက်ပျိုးကြပြီး တစ်ဧကလျှင် သီဟိုဠ်စေ့ ပိဿာ ၁၀၀ ကျော် ထွက်ရှိသည်။
သီဟိုဠ်သီးများကို လုပ်သားများဖြင့် ကောက်ယူကြပြီး အစေ့အသန့်ခြွေကာ စျေးကွက်သို့တင်ပို့ကြခြင်းဖြစ်ပြီး သီဟိုဠ်စေ့ တစ်ပိဿာလျှင် ကျပ် ၅,၀၀၀ ခန့်ရှိသည်။
သီဟိုဠ်ပင်များကို စတင်စိုက်ပျိုးချိန်မှစ၍ လေးနှစ်အကြာတွင် အသီးအစေ့ရရှိခြင်းဖြစ်ပြီး နှစ်ရှည်ပင်မျိုးဖြစ်သည့်အတွက် တောင်သူများအနေဖြင့် စိုက်ပျိုးရေးအပိုဝင်ငွေရရှိသော သီးနှံတစ်ခုဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။ (Xinhua)