Connect with us

Media

ကမ္ဘာ့အကြီးဆုံး သန့်စင်စွမ်းအင်စင်္ကြံက တစ်ရက်တာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကီလိုဝပ်နာရီ ၁.၅ ဘီလီယံရှိ

ရီချန်း၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယန်ဇီမြစ်ပေါ်ရှိ အကြီးစားရေအားလျှပ်စစ်စက်ရုံ ၆ ခုပါဝင်သည့် ကမ္ဘာ့အကြီးဆုံး သန့်စင်စွမ်းအင် စင်္ကြံက ဇူလိုင် ၂၃ ရက်တွင် တစ်ရက်တာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကီလိုဝပ်နာရီ ၁.၅ ဘီလီယံ ရှိလာခဲ့သည်။ ၂၀၂၄ ခုနှစ် ၃၅ ရက်တာကာလအတွင်း ယင်းစင်္ကြံက နေ့စဉ်လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ကီလိုဝပ်နာရီ ၁ ဘီလီယံ ကျော်လွန်ခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ ယခုနှစ်နွေရာသီ မြင့်တက်လာသော လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည်။ ကီလိုမီတာ ၁,၈၀၀ ရှိသော သန့်စင်စွမ်းအင်စင်္ကြံအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။ (Xinhua)
……………………….
(English Version)
World’s largest clean energy corridor sees 1.5 bln kWh in single-day power generation
The world’s largest clean energy corridor, consisting of six mega hydropower stations on China’s Yangtze River, reached a single-day power generation of 1.5 billion kilowatt-hours on July 23. For 35 days in 2024, the corridor recorded daily power generation exceeding 1 billion kilowatt-hours. This has played a crucial role in meeting surging electricity demand this summer. The 1,800-kilometer clean energy corridor was completed in December 2022.
Xinhua News Agency correspondents reporting from Yichang, China. (XHTV)