Connect with us

Videos

ကမ္ဘာ့စံချိန် ၇ ခု ကို ချိုးဖျက်နိုင်မည့်ကြိုးတံတားကြီးဖွင့်လှစ်

ဟူပေ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

ကြီးကျယ်ခမ်းနားသော Chishi တံတားကြီးကို တရုတ်နိုင်ငံ ဟူပေပြည်နယ် Yizhang စီရင်စုတွင် ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။အဆိုပါ တံတားကြီးသည် အမြင့်ဆုံးတိုင်လုံးများဖြင့် အရှည်ဆုံး ကြိုးတံတားတစ်စင်းအဖြစ်တည်ဆောက်ထားခြင်းဖြစ်ပြီး၊ ကွန်ကရိသံနန်းကြိုးများစွာ တပ်ဆင် ထားသည့် တံတားအမျိုးအစားဖြစ်သည်။ ရှီအန်းမင်-ချန်ဒူး အဝေးပြေးလမ်း၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည့်အဆိုပါ တံတားမှာ တောင်ကြိုတောင်ကြားများကိုပါ ဖြတ်သန်းဖောက်လုပ်ထားပြီး စုစုပေါင်း အကွာအဝေးမှာ ၁၄၇ဝ မီတာရှိသည်။ တံတားတွင် ထည့်သွင်းတပ်ဆင်ထားသည့် တိုင်လုံးများ၏ အမြင့်မှာ အထပ် ၁ဝဝ ရှိ အဆောက်အဦးများ၏ အမြင့် နှင့် တူညီသည်။ တံတား ပင်မ အကွာအဝေးမှာ ၃၈ဝ မီတာကျယ်ပြီး တံတားအောက်ခံတိုင်လုံးများ၏ အမြင့်မှာ ၁၈၂ မီတာရှိသည်။ ၂ဝ၁ဝ ခုနှစ် မတ်လတွင် တံတားတည်ဆောက်ရေးစီမံကိန်းကို စတင်ခဲ့ ပြီး ကမ္ဘာ့စံချိန် ၇ ခု ကို ချိုးဖျက်နိုင်ရန် ရည်ရွယ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.