Connect with us

Videos

ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲ ထိပ်သီးအစည်းအဝေး၌ သမ္မတ ရှီကျင့်ဖိန် ရုပ်သံမှ တစ်ဆင့် မိန့်ခွန်းပြော 

နယူးယောက်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် စက်တင်ဘာလ ၃၀ ရက်တွင် ကျရောက် သည့် ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲ ထိပ်သီးအစည်းအဝေး တွင် ရုပ်သံမှ တစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။ ထိုသို့မိန့်ခွန်းပြောကြားရာတွင် သမ္မတရှီကျင့်ဖိန်က နိုင်ငံအသီးသီးအနေဖြင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးယဉ်ကျေးမှု နှင့် နိုင်ငံပေါင်းစုံပါဝင်မှုမူဝါဒ (Multilateralism) တို့ကို လက်ကိုင်စွဲ၍ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းပြီး တာဝန်သိစိတ် မြှင့်တင်ကြရန် အဆိုပြုခဲ့ပါသည်။ထို့အပြင် လူသားနှင့် သဘာဝတရား သဟဇာတရှိရှိ အတူရှင်သန်ရေးအတွက် တရုတ်နိုင်ငံမှ ကြိုးပမ်းအားထုတ်နေကြောင်း နှင့် လူသားမျိုးနွယ် ကံကြမ္မာတူအသိုက်အဝန်း အတွေးအခေါ် ကျင့်သုံး၍ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်မှု မြှင့်တင်ကာ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်း စီမံခန့်ခွဲရေးအတွက် ထမ်းရွက်သွားမည်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.