Connect with us

Videos

တက္ကဆက်ပြည်နယ်ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု၌ ပစ်ခတ်မှုဖြစ်ပွား

ဟူစတန် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) တက္ကဆက်ပြည်နယ် Sutherland Springs ရှိ ခရစ်ယာန်ဘုရားရှိခိုကျောင်းတစ်ခု၌ နိုဝင်ဘာလ ၅ ရက် (တနင်္ဂနွေနေ့ဝတ်ပြုချိန်) တွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ယခုလက်ရှိအချိန်အထိရရှိထားသော သတင်းများအရ လူပေါင်း ၂၇ ဦးအထိသေဆုံးသွားပြီဖြစ်ကြောင်း တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott က ပြောကြားခဲ့သည်။ ၎င်းပစ်ခတ်မှုသည် တက္ကဆက်ပြည်နယ်သမိုင်းတွင် လူသေဆုံးမှုအများဆုံး သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Abbott က ဆိုသည်။ တက္ကဆက်ပြည်နယ် ရှေ့နေချုပ် Ken Paxton က သတင်းသမားများအား ပြောကြားရာတွင် သေနတ်သမားသည် ဘုရားရှိခိုးကျောင်းထဲသို့ဒေသစံတော်ချိန် နံနက် ၁၁နာရီ၃ဝ မိနစ်တွင် လမ်းလျှောက်ဝင်ရောက်လာခဲ့ကြောင်း ၊ ထို့နောက် လူအုပ်ကြီးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ သေနတ်သမားမှာ အသက် ၂၆ နှစ်အရွယ် Devin Kelley ဖြစ်ပြီး ၎င်းသည် ရိုင်ဖယ်သေနတ်တစ်လက်ကို ကိုင်ထားပြီး ကျည်ကာဝတ်စုံကို ဝတ်ဆင်ထားကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်း မီဒီယာများက သတင်းဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.