Connect with us

Videos

တရုတ်နိုင်ငံက အမေရိကန်သမ္မတသစ်အဖြစ် ရွေးချယ်ခံရသည့် ဂျိုးဘိုင်ဒန်အား ဂုဏ်ပြု

ပေကျင်း၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) ဘာသာပြန်နှင့်တည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံက အမေရိကန်သမ္မတအသစ်အဖြစ်ရွေးချယ်ခံရသည့် ဂျိုးဘိုင်ဒန်နှင့် ဒုတိယ သမ္မတအဖြစ်ရွေးချယ်ခံရသည့် ကမ်မလာဟဲရစ်တို့အား ဂုဏ်ပြုစကားပြောကြားခဲ့ပြီး အမေရိကန်ပြည်သူတို့၏ ရွေးချယ်မှုအပေါ် လေးစားပါကြောင်းထုတ်ပြန်ကြေညာခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wang Wenbin က နေ့စဉ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်” အမေရိကန်သမ္မတရွေးကောက်ပွဲအပေါ်အမေရိကန်နိုင်ငံပြည်တွင်း နှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ တုံ့ပြန်မှု အတိုင်းပင် တရုတ်နိုင်ငံက ထပ်တူထပ်မျှ သဘာထားရှိပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ဝမ်က “အဆိုပါ ရွေးကောက်ပွဲရလဒ်သည် အမေရိကန်နိုင်ငံ၏ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျင်းပခဲ့ခြင်းဖြစ်သည်ကို မိမိတို့ တရုတ်နိုင်ငံအနေဖြင့် နားလည်သဘောပေါက်ပါကြောင်း’’ ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.