Connect with us

Videos

တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးစီမံကိန်း က တစ်ကမ္ဘာလုံး၏ စံပြ ဖြစ်ဟု ကျွမ်းကျင်သူများဆို

ပေကျင်း၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) 

ပြီးခဲ့သည့် ဆယ်စုနှစ် ၇ ခု အတွင်း တရုတ်နိုင်ငံသည် ပြည်သူ သန်း ၈၅၀ ကို ဆင်းရဲတွင်းမှ ဆွဲတင်နိုင်ခဲ့ရာ ၎င်းမှာ တစ်ကမ္ဘာလုံး၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်၏ ၇၀ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပြီးနောက် ကမ္ဘာ့သမိုင်းတွင် စံချိန်တစ်ခု တင်နိုင်ခဲ့သည်အထိ အောင်မြင်မှုရရှိခဲ့သည်။

တရုတ်နိုင်ငံက ၂၀၂၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးတွင် အလွန်အမင်း ဆင်းရဲမှုများကို ပပျောက်စေရန် ဦးတည်ဆောင်ရွက်လျက်ရှိရာ ၎င်းမှာ တစ်ကမ္ဘာလုံးတွင် ပထမဆုံး ဆင်းရဲမှု ကို အဆုံးစွန် ပပျောက်အောင်ဆောင်ရွက်မည့် နိုင်ငံတစ်နိုင်ငံဖြစ်လာမည်ဟုသိရသည်။

Kuhn Foundation မှ Chairman Robert Lawreance Kuhn က “တရုတ်နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ဆင်းရဲမှု ပပျောက်ရေးစီမံကိန်းဟာဆိုရင် တကယ့်ကို မှတ်သားလောက်ပါပေတယ် အဲဒီအစီအစဉ်ဟာ လူ့သမိုင်းမှာ  လူသားမျိုးနွယ်စုတို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှု တစ်ခုလည်းဖြစ်ပါတယ် ပထမဆုံး လူဦးရေစုစုပေါင်း သန်း ၈၀၀, ၈၅၀ လောက်ကို ဆင်းရဲတွင်းကနေ ဆွဲတင်နိုင်ခဲ့တယ် အဲဒါဟာဆိုရင် ကုလသမဂ္ဂ ရဲ့  ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလည်းဖြစ်ပြီး တရုတ်နိုင်ငံက အဲဒီ အစီအစဉ် ကို ထက်ဝက်မက အောင်မြင်အောင် စွမ်းဆောင် နိုင်ခဲ့ပါတယ် ကျွန်တော်ထင်တာကတော့ တစ်ကမ္ဘာလုံးရဲ့ ၇၀ ရာခိုင်နှုန်း လောက်အထိ ရှိလောက်မယ် ထင်မှတ်ရတာပါပဲ ဒါကြောင့် ဒါဟာ တကယ်ပဲ လူ့ အသိုက်အဝန်းမှာတော့ မှတ်သားလောက်တဲ့ လုပ်ဆောင်မှုကြီးတစ်ခုဖြစ်လာခဲ့ပါတယ် “ ဟု ဆိုသည်။ 

2019 ခုနှစ် စီးပွားရေး နိုဘယ်လ်ဆုရှင် နှင့် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးဆိုင်ရာသုတေသီ Michael Kremer ကလည်း  “ တရုတ်နိုင်ငံက စီးပွားရေးဘယ်လို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရမယ်ဆိုတဲ့ နည်းလမ်းတွေ ရှာဖွေတဲ့နေရာမှာ ပြီးတော့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်တဲ့နေရာတွေမှာ အများကြီးအတွေ့အကြုံရှိပါတယ် ပြီးတော့ အဲဒီလုပ်ငန်းစဉ်တွေဟာဆိုရင်လည်း တကယ်ပဲအောင်မြင်မှုရရှိခဲ့ပါတယ်” ဟုဆိုသည်။ 

အိန္ဒိယ-တရုတ် စီးပွားရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေးဆိုင်ရာ အထွေထွေအတွင်းရေးမှူးချုပ် Mohammed Saqib  ကလည်း “ကျွန်တော်ထင်တာကတော့ တရုတ်နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအစီအစဉ်ဟာဆိုရင် တစ်ကမ္ဘာလုံး က လူသားအားလုံးအတွက် စံနမူနာတစ်ခုဖြစ်စေပါတယ် ဆိုလိုတာကတော့ သူတို့ဟာ တကယ်ကို အံ့မခန်းဆောင်ရွက်နိုင်ခဲ့ကြပြီး အံ့မခန်း ရလဒ်တွေကိုဖန်တီးနိုင်ခဲ့ကြတာဖြစ်ပါတယ် ပြီးတော့ သူတို့ အောင်မြင်ရမယ်လို့ မျှော်လင့်ထားတာထက်လည်း ပိုမို အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ကြပါတယ် သူတို့ ဗျူဟာချမှတ်ထားတဲ့ လမ်းကြောင်းဟာဆိုရင် တစ်ကမ္ဘာလုံးအတွက် အတုမရှိတဲ့နည်းလမ်းတွေဖြစ်ပြီးတော့ အဲဒီ ဗျူဟာတွေကို ကမ္ဘာတစ်ဝန်းလုံးက ဝိုင်းဝန်းအတုယူသင့်တယ်လို့ထင်မြင်မိပါတယ်ဗျာ” ဟု ပြောကြားခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.