Connect with us

Videos

တရုတ်နိုင်ငံ တွင် လမ်းမများ၌မောင်းသူမဲ့ယာဉ်ဖြင့် ပိုးသတ်ဆေးဖျန်း

ဟာအယ်ပင်း၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟာအယ်ပင်းမြို့တွင် ရပ်ကွက်များအတွင်းရှိ လမ်းများတွင် မောင်းသူမဲ့ ယာဉ်ဖြင့် ပိုးသတ်ဆေးဖျန်းခဲ့ကြောင်း သိရသည်။ပိုးသတ်ဆေး ဖျန်းခြင်းသည် COVID-19 ကာကွယ်ရေးနှင့်ထိန်းချုပ်ရေး အစီအစဉ်၏ အစိတ်အပိုင်း တစ်ခုအဖြစ်လုပ်ဆောင်ခြင်းလည်းဖြစ်သည်။

ဟာအယ်ပင်းမြို့တွင် COVID-19 ကူးစက်ခံရမှုအတည်ပြု လူနာ ၁၀ ဦးနှင့် သံသယလူနာ ၃၁ ဦးကို ပြီးခဲ့သည့် ကြာသပတေးနေ့တွင် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဒေသအာဏာပိုင်များက ဆိုသည်။
အဆိုပါ အတည်ပြုလူနာများသည် ရောဂါကူးစက်နိုင်ခြေအမြင့်ဆုံး လူအုပ်စု အဖွဲ့အား နျူကလစ်အက်ဆစ် စစ်ဆေးမှုများပြုလုပ်ရာမှ တစ်ဆင့်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ဟာအယ်ပင်း ကျန်းမာရေး ကော်မရှင်မှ ထုတ်ပြန်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.