Connect with us

Videos

တရုတ်နိုင်ငံ ရှိ ပြည်နယ်တစ်ခုတွင် ကျောင်းကားအခမဲ့စီစဉ်ပေး

ဝူကျားချွီ၊ ဒီဇင်ဘာ (၂၈) ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဝူကျားချွီ ပြည်နယ် တွင် ၂ဝ၁၂ ခုနှစ်မှ စ၍ နှစ်စဉ် အမေရိကန်ဒေါ်လာ သိန်း၂ရာကျော် အသုံးပြုပြီး ကျောင်းသား၄သောင်း ၄ထောင်ကျော်အတွက် အခမဲ့ ကျောင်းကားစီးနိုင်ရန်စီစဉ်ပေးထားကြောင်းသိရသည်။ အဆိုပါ ဒေသရှိကော်ချင် အလယ်တန်းကျောင်းသို့သွားရောက်ရန်အတွက် အချိန် ၂ နာရီခန့်ကြာတတ်ပြီး ၎င်းနေရာတွင် ဘတ်စ်ကားပြေးဆွဲခြင်းမရှိသောကြောင့် ကျောင်းကားများစီစဉ်ပေးခြင်းသည် အလွန် အဆင်ပြေကြောင်း သိရသည်။ ကော်ချင် ကျောင်း ၏ ဒုတိယကျောင်းအုပ်ကလည်း ကျောင်းရှိကလေးများမှာ များသောအားဖြင့် နွမ်းပါးကြပြီး ယခုကဲ့သို့ ဖယ်ရီစီစဉ်ပေးထားခြင်းကြောင့် ၎င်းတို့အတွက် အလွန် အဆင်ပြေကြောင်းပြောကြားခဲ့သည်။ ဒေသအစိုးရမှလည်း ကျောင်းသားများ နှစ်စဉ်အဆင်ပြေစွာ ဖယ်ရီ အသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကျောင်းသားတစ်ဦးအား တစ်နှစ်တွင် ကျောင်းကားခ ဒေါ်လာ ၆၁ ဒေါ်လာ ကုန်ကျကြောင်း၊ ယခုလိုစီစဉ်ပေးခြင်းအားကျောင်းသားမိဘများမှ အလွန်နှစ်သက်ကြောင်း၊ ထိုသို့စီစဉ်ပေးခြင်းသည် ကျောင်းသားများ ပညာသင်ကြားရေးအတွက် တစ်ဖက်တစ်လမ်းမှ ပျိုးထောင်ပေးရာရောက်ကြောင်း သိရသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.