Videos
နှစ်ပေါင်း ၈,၀၀၀ သက်တမ်းရှိ တရုတ်နိုင်ငံ၏ ပထမဆုံး ကနူးလှေ အား ပြတိုက်တွင်ပြသထား
ကျဲ့ကျန်း၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ရှိ ပြတိုက်တစ်ခုတွင် သက်တမ်း နှစ် ၈,၀၀၀ ကျော် ရှိပြီဖြစ်သည့် ကနူးလှေတစ်စင်း အားပြသထားကြောင်းသိရသည်။ တရုတ်နိုင်ငံ၏ ပထမဆုံးသော ကနူးလှေတစ်စင်းအဖြစ် လူသိများသည့် အဆိုပါ လှေကို ၂၀၀၂ ခုနှစ် နိုဝင်ဘာလတွင် တူးဖော်ရရှိခဲ့ခြင်းဖြစ်သည်။ Kuahuqiao ဟုအမည်ရသည့် ရုပ်ကြွင်းပြတိုက်တွင် ရေအောက် ပြခန်းတစ်ခုကို ဆောက်လုပ်ထားပြီး ၎င်း ကနူးလှေကိုပြသထားကြောင်းသိရသည်။ (Xinhua)
Continue Reading