Connect with us

Videos

မြန်မာ နိုင်ငံ မှ မွေးရာပါ နှလုံး ရောဂါ ဝေဒနာရှင် ကလေး ၅၀ အား တရုတ် နိုင်ငံ ၌ ကုသပေးမည်

ရန်ကုန် ၊ မတ် ၂၈ ရက်(ဆင်ဟွာ)

ခေတ်သစ် ပိုးလမ်းမကြီးဖော်ဆောင်မှု မှ တဆင့် တရုတ်-မြန်မာချစ်ကြည်ရေးတိုးတက် မြင့်မားစေမည့် ကျန်းမာရေးစောင့်ရှောက်မှု အဖြစ်မြန်မာနိုင်ငံ ရှိမွေးရာပါ နှလုံးရောဂါ ခံစားနေရသည့် ကလေးငယ်များအား တရုတ် အမျိုးသားကုသိုလ်ဖြစ် အဖွဲ့ချုပ် (China Charity Federation) နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပူးပေါင်း၍ ကုသပေးသည့် အစီအစဉ် ကို မတ်လ ၂၈ ရက်တွင် စတင် ဆောင်ရွက် ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၊ တရုတ် အမျိုးသားကုသိုလ်ဖြစ် အဖွဲ့ချုပ် (China Charity Federation) စာနယ်ဇင်းလောကကုသိုလ်ဖြစ်လုပ်ငန်းဖွံ့ဖြိုးရေးအသင်း အမှုဆောင် ဥက္ကဋ္ဌ မစ္စတာရွှီရိရွှမ်း ၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ ဆေးရုံ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ယခု ပူးပေါင်းဆောင်ရွက် သည့် အစီအစဉ် မှာ မြန်မာ နိုင်ငံ မှ ဆေးပညာ နှင့် တရုတ် နိုင်ငံ ဆောင်ရွက်နေသည့် ဆေးဝါးကုသမှု အကြားပေါင်းကူးတံတား ဖြစ်လာမည်ဟုယုံကြည်ကြောင်း နှင့် ယခုဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဆိုင်ရာအကူအညီပေးမှု တစ်ရပ်သည် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှု အတွက် ကဏ္ဍသစ် တစ်ရပ် တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

မြန်မာ နိုင်ငံဆိုင်ရာတရုတ် နိုင်ငံသံအမတ်ကြီးဟုန်လျန် က တရုတ်-မြန်မာ နှစ်နိုင်ငံသည် အစဉ်အမြဲအပြန်အလှန် ကူညီမှု ထားရှိကြသည့် အိမ်နီးချင်း နိုင်ငံများဖြစ်ကြကြောင်း ၊ တရုတ် နိုင်ငံသည် မြန်မာ နိုင်ငံ ၏ မိတ်ဆွေ အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံ ဖြစ်သောကြောင့် မြန်မာ နိုင်ငံ ၏ လိုအပ်ချက်များကိုကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၊ ယခုအစီအစဉ် မှတစ်ဆင့် တရုတ်-မြန်မာ နှစ်နိုင်ငံအကြားဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို မြှင့်တင် နိုင်မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

ရန်ကင်းကလေးဆေးရုံကြီး မှ ကလေးနှလုံးအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်ဦးက မြန်မာ နိုင်ငံအတွင်းမွေးရာပါကလေးနှလုံးရောဂါလူနာများ၏ ကုသမှု အခြေအနေ များ နှင့် ဝမ်းမြောက်ကြိုဆိုစကား ကို လည်းကောင်း ၊ တရုတ် အမျိုးသားကုသိုလ်ဖြစ် အဖွဲ့ချုပ် (China Charity Federation) စာနယ်ဇင်းလောကကုသိုလ်ဖြစ်လုပ်ငန်းဖွံ့ဖြိုးရေးအသင်းအမှုဆောင် ဥက္ကဋ္ဌ မစ္စတာရွှီရိရွှမ်း က မွေးရာပါကလေးနှလုံးရောဂါလူနာများကိုကုသပေးမည့် အစီအစဉ် များနှင့် အသင်းလုပ်ဆောင်ချက်များ နှင့် ပတ်သက်၍ လည်းကောင်း၊ရန်ကင်းကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာမြင့်မြင့်ခိုင်ကလည်းကောင်း ဂုဏ်ယူဝမ်းမြောက်စကားပြောကြားခဲ့သည်။

တရုတ် အမျိုးသားကုသိုလ်ဖြစ် အဖွဲ့ချုပ် (China Charity Federation) စာနယ်ဇင်းလောက ကုသိုလ်ဖြစ် လုပ်ငန်းဖွံ့ဖြိုးရေးအသင်း အမှူဆောင် ဥက္ကဋ္ဌ မစ္စတာရွှီရိရွှမ်း က မွေးရာပါ ကလေး နှလုံးရောဂါ ဝေဒနာသည် ကလေးသူငယ်များကိုသေဆုံးစေသည့် အဓိကရောဂါဝေဒနာတစ်ခု ဖြစ်ပြီး မြန်မာ နိုင်ငံအနေဖြင့် လက်ရှိချိန်တွင် ဆေးဝါကုသမှု ပိုင်းတွင် လိုအပ်ချက်ရှိသောကြောင်းလာရောက်ကူညီခဲ့ခြင်း ဖြစ်ကြောင်း ၊ ယခုဆောင်ရွက်မှု သည်လည်းတရုတ် နိုင်ငံသမ္မတရှီကျင့်ဖိန် ဦးစီးဆောင်ရွက်နေသည့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည့် လမ်းကြောင်းတစ်လျှောက် ပြည်သူအကြားစိတ်သဘောထားခြင်းချိတ်ဆက်မှု ဆောင်ရွက်ချက် တစ်ခု ဖြစ်ကြောင်း ၊ မွေးရာပါကလေးနှလုံးရောဂါ ဝေဒနာသည် ကုသမှု ခံယူပြီးနောက်ပိုင်းတွင် လုံးဝကောင်းမွန်သွား နိုင်သည့် ဝေဒနာတစ်မျိုးဖြစ်ကြောင်း ၊ အိမ်ထောင်စုတစ်ခုတွင် ဝေဒနာခံစားနေရသည့် ကလေးငယ် တစ်ဦးရှိပါကမိသားစုတစ်ခုလုံးအတွက် အခက်အခဲဖြစ်စေသောကြောင့် ယခုလိုကလေးငယ် ၅၀ ဦးအားဆေးဝါးကုသရန် အတွက် အစအဆုံးအခမဲ့ ကူညီဆောင်ရွက်ပေးခြင်းသည် မိသားစု ၅၀ ကိုကူညီလိုက်သကဲ့သို့ ဖြစ်ကြောင်းပြောကြားခဲ့သည်။

ယခုဆောင်ရွက်မည့် ခွဲစိတ် ကုသမှု လုပ်ငန်းကို တရုတ် အမျိုးသားကုသိုလ်ဖြစ် အဖွဲ့ချုပ် နှင့် ပေကျင်းမြို့ရှိ An Zhen ဆေးရုံကြီး တို့မှ ပူးပေါင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.