Connect with us

Videos

ရွေးကောက်ပွဲတွင် ကိုးကန့်ဒေသ၌ ပြုလုပ်နိုင်မည် ဖြစ်ပြီး ဝ ဒေသမှာ မသေချာသေးကြောင်း ကော်မရှင်ပြောကြား

လာမည့် နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲတွင် တိုင်းရင်းသား မဲဆန္ဒ နယ်မြေများအနက် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာ ရွေးကောက်ပွဲ ကျင်းပပေးနိုင်တော့မည် ဖြစ်ပြီး ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာတော့ ယခုချိန်ထိ ပြော၍ မရနိုင်သေးကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ယနေ့ဆင်ဟွာကို ပြောကြားခဲ့ပါတယ်။

ကော်မရှင် ဥက္ကဌ ဦးတင်အေးက ကိုးကန့်မှာ မဲစာရင်းတွေ ကောက်နေပါပြီ၊ မဲစာရင်းတွေက တော်တော် ခဲရာခဲဆစ် ကောက်ရတဲ့အတွက် မဲစာရင်း ရသမျှကောက်ပြီး ရွေးကောက်ပွဲ ကျင်းပပေးမည် ဖြစ်ကြောင်း၊ နိုင်ငံတော်မှာ သူ့ဒေသအတွက် ပြောပေးနိုင်တဲ့ ကိုးကန့် ဒေသကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် တစ်ယောက် ရစေချင်ကြောင်း၊ ကျန်တဲ့ ဝ ဒေသတို့ကိုတော့ ပြောလို့မရသေးကြောင်း ပြောကြားခဲ့ပါတယ်။

ထို့နောက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဟု ယူဆပြီး မဲဆန္ဒ နယ်မြေများကို သတ်မှတ် ထုတ်ပြန်ထားသော်လည်း မဲဆန္ဒ နယ်မြေအားလုံးတွင် ကျင်းပနိုင်မည် မဟုတ်ကြောင်း၊ ရွေးကောက်ပွဲ နီးလာပါက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ၊ သဘာဝ ဘေးအန္တရာယ်အရ ၊ နယ်မြေ အခြေအနေအရ လွတ်လပ် တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပ ပေးနိုင်ခြင်း မရှိပါက သတ်မှတ် နေရာများကို ရွေ့ဆိုင်းရမည့် ဥပဒေအရ တစ်ချို့နေရာများကို ရွှေ့ဆိုင်းသွားမည်ဖြစ်ကြောင်း၊ ကျင်းပနိုင်သည့် နေရာကို ကျင်းပပြီး ကိုယ်စားလှယ်လောင်းများ ရွေးချယ် ပေးသွားမည်ဟု ရှင်းလင်း ပြောကြားခဲ့ပါတယ်။
လက်ရှိတွင် မြန်မာ တစ်နိုင်ငံလုံး၌ မဲဆန္ဒ နယ်မြေပေါင်း ၁၁၇၁ နေရာရှိကြောင်း သိရပါတယ်။ (Xinhua)