Connect with us

Videos

လူများနေထိုင်ရန်မဖြစ်နိုင်သည့်ဒေသမှသည် အလှပဆုံးစိုက်ခင်းများနှင့်တိုးတက်မှုများကိုပိုင်ဆိုင်လာသည့်ဒေသ

နင်းရှ၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှ (ဟွေ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှီဟိုင်းကူမြို့ ဖုံယန်ကောင်တီ ရှိ လျှို့ပန် တောင်တန်းများပေါ်တွင် စိုက်ပျိုးထားသည့် လှေကားထစ်ပုံစံ တောင်ယာစိုက်ခင်းများ မှာ နွေရာသီနှင့်လွန်စွာ ပနံရ သက်ဝင်လှပလျက်ရှိသည်။

ရှီဟိုင်းကူ ၏ တောင်ထူထပ်သည့်အဆိုပါ ဒေသမှာ အမြဲတစေ လှပနေခဲ့သည်တော့ မဟုတ်ချေ။ ၁၉၇၀ ပြည့်နှစ်များဆီက မိုးခေါင်ရေရှားမှုနှင့်အတူ ပတ်ဝန်းကျင်အနေအထားဆိုးဝါး သောကြောင့် ထိုဒေသကို ကုလသမဂ္ဂမှ လူသားတို့အခြေချနေထိုင်ရန်မသင့်တော်သော အရပ်ဒေသအဖြစ် သတ်မှတ်ခဲ့ကြသည်။

သို့ရာတွင် ဆယ်စုနှစ်ပေါင်းများစွာကြိုးပမ်းအားထုတ်မှု၏ ရလဒ်ကို အသိအမှတ်ပြုခံခဲ့ရပြီဖြစ်သည်။

လူများနေထိုင်ရန်မဖြစ်နိုင်ဟုဆိုခဲ့သည့်ဒေသ၌ လက်ရှိအချိန်တွင် တောင်သူလယ်သမားများသည် အထွက်တိုးလှသည့်ဂျုံများကိုရိတ်သိမ်းရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ယခု ဗီဒီယို မှာ အလှပဆုံးစိုက်ခင်းများနှင့်ဖွံ့ဖြိုးတိုးတက်မှုများကိုပိုင်ဆိုင်ထားသည့် နင်းရှ(ဟွေ) ဒေသ၏ လှပမှုမြင်ကွင်းများကိုရိုက်ကူးတင်ဆက်ထားသည့်ရုပ်သံဖိုင်ဖြစ်ပါသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.